ညောင်ဦးမြို့နယ် ကူတောရွာကို စစ်တပ် မီးရှို့၍ နေအိမ် ၂၅၀ ပြာကျ

ညောင်ဦးမြို့နယ် ကူတောရွာကို စစ်တပ် မီးရှို့၍ နေအိမ် ၂၅၀ ပြာကျ

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၂၅၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ငါ့သရောက် နှင့် ညောင်ဦးမြို့တို့ မှ ဆင်းလာသည့် စစ်အုပ်စုတပ်ဖွဲ့သည် အင်အား ၃၀၀ ခန့် ဖြင့် မေလ ၂၃ ရက်နေ့မှ စတင်ကာ ညောင်ဦးနှင့်ကျောက်ပန်းတောင်းနယ်အစပ်တွင် ရှိသော ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

အဆိုပါ စစ်အုပ်စုစစ်ကြောင်းသည် ကူတောကျေးရွာကို မေလ ၂၄ ရက်နေ့တွင်လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူတဦးက ပြောသည်။

“ဖလန်ကန်ရွာကနေ ကူတောဘက် တက်လာတာ တိုက်ပွဲဖြစ်ပီး လက်နက်ကြီးတွေ ပစ်ပြီးတော့ ရွာထဲအရင် ဝင်တာပါ၊ လက်နက်ကြီးကျလို့ မီးလောင်တာရော ဝင်ရှို့တာရော အိမ်ခြေ ၂၅၀ နီးပါး ပါသွားတယ်” ဟု ပြောသည်။

ကူတောကျေးရွာသည် နှစ်ကြိမ်မြောက် မီးရှို့ဖျက်စီးခံရခြင်းဖြစ်ပြီး ပြီးခဲ့သည် မတ်လဆန်းပိုင်းကလည်း စစ်အုပ်စုတပ်က ကျေးရွာအတွင်းရှိ နေအိမ် ၃၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ယခုကဲ့သို့ နှစ်ကြိမ်တိုင် မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဒေသခံပြည်သူ ၁,၅၀၀ ခန့် မီးဘေးသင့်ခဲ့ရပြီး စားဝတ်နေရေးအခက်ကြုံနေရကြောင်း ကူတောရွာဒေသခံ အမျိုးသမီးတဦးက ပြောသည်။

 ၎င်းက “ အခုတော့ ရွာထဲပြန်ဝင်လည်း နေစရာမရှိတော့ တောထဲတွေနဲ့ တခြားရွာတွေမှာနေနေရတယ်၊ အစားအသောက် အခက်အခဲလည်းရှိတယ်။ နေဖို့က ခဏတဖြုတ် နေဖို့ တဲ တောင် မရှိတော့ဘူး” ဟု ပြောသည်။

လက်ရှိကာလသည် မိုးတွင်ကာလဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် ဒေသခံပြည်သူတွေ  အမိုးအကာနှင့်သောက်သုံးရေများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကူတောကျေးရွာကို မီးရှို့ဖျက်ဆီးသွားသည့် စစ်အုပ်စုစစ်ကြောင်းသည့် မေလ ၂၆ ရက်တွင် တောင်တောကျေးရွာမှာ ညအိပ်တပ်စွဲပြီးနောက် မတ်လ ၂၇ ရက် မနက်ပိုင်းတွင် တောင်တောကျေးရွာ မှ အနောက်ဖက်သို့ စစ်ကြောင်းတကြောင်း၊ မြောက်ဖက်သို့ စစ်ကြောင်းတကြောင်းခွဲ၍ ထွက်နေကြောင်း သိရသည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...