၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်

၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်

ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ရရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ ၁၇ ကြိမ်မြောက် ဆုပေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မေလ ၂၃ ရက်တွင် ပြည်သူ့ဂုဏ်ရည် အလုပ်အမှုဆောင်အဖွဲ့ဝင်များ စုပေါင်းကျင်းပခဲ့သည်။

ဦးမင်းကိုနိုင်ကိုယ်စား ၎င်း၏ လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သူ ပြည်သူ့ဂုဏ်ရည် ဒုဥက္ကဋ္ဌဟောင်း ဦးဇော်ဇော်အောင်က ဆုကို လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့ဂုဏ်ရည်ဆုသည် မြန်မာပြည်သူများအပေါ် အန္တရာယ်ကြားမှ ကိုယ်ကျိုးမဖက် အလုပ်အကျွေးပြုနေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို နှစ်စဉ် ချီးမြှင့်လေ့ရှိသည့် ဂုဏ်ပြုဆုတခု ဖြစ်သည်။

အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းသည် ဂုဏ်ပြုဆုနှင့်အတူ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကို ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်အတွက် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကိုမူ မတရားဖမ်းဆီးထိန်းသိမ်းခံနေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားဖြစ်သူ ကိုထိန်လင်းက ဆုကို လက်ခံရယူခဲ့သည်။ 

၁၆ ကြိမ်မြောက် ဆုပေးပွဲကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် ဟူစတန်မြို့တွင် ကျင်းပခဲ့သည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...