ဖရူဆိုမှာ ၃ ရက်ဆက် စစ်အုပ်စုတပ်တွေ ဒရုန်းကင်းထောက်

ဖရူဆိုမှာ ၃ ရက်ဆက် စစ်အုပ်စုတပ်တွေ ဒရုန်းကင်းထောက်

စိုက်ပျိုးရာသီရောက်လာပြီဖြစ်တာကြောင့် ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကတောင်သူတွေဟာ စိုက်ပျိုးရေး လုပ်ငန်းခွင်ကို ဝင်ရောက်နေကြပြီဖြစ်ပေမဲ့ ယခုရက်ပိုင်းအတွင်း ၃ ရက်ဆက်တိုက် စစ်အုပ်စုတပ်တွေက ဒရုန်းကင်းထောက်နေတာကြောင့် တောင်သူတွေစိုးရိမ်နေကြပါတယ်။ 

"ဒရုန်းကင်းထောက်တာ ဒီရက်နဲ့ဆို ၃ ရက်ရှိပြီ၊ တစ်ရက် နှစ်ခါလောက် ကင်းထောက်နေတယ်၊ မနက် တစ်ကြိမ် ညနေ တစ်ကြိမ်ပေါ့၊ အဲလို ကင်းထောက်တာကျတော့ စစ်ကြောင်းထပ်ထိုးမှာ စိုးရိမ်ရတာပေါ့" လို့ တောင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။  

ယခု မိုးဦးကျကာလဖြစ်တဲ့ မေလဟာ တောင်ယာ၊ ယာခင်းနဲ့ ရွေ့ပြောင်းတောင်ယာ လုပ်ကိုင်သူတွေက လုပ်ငန်းခွင်သွားနေရတဲ့ အချိန်တွေပဲ ဖြစ်ပါတယ်။

ယခင်က စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေကို စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းကင်းထောက်တာ၊ ဒရုန်းဗုံးကြဲတာတွေကို မကြာခဏပြုလုပ်လေ့ရှိတာကြောင့် စိုးရိမ်နေကြတာပါ။ 

ဖရူဆိုမြို့နယ်အတွင်း တောင်ယာနဲ့ ရွေးပြောင်းစိုက်ပျိုးသူတွေက မိုးဦးကျတာနဲ့ပဲ ဆောလျင်စွာ ဆူးထိုး စိုက်ပျိုးကြပါတယ်။ 

"အပင်တွေပေါက်နေပြီ၊ ၁ လက်မ လောက်ပေါ့၊ များအားဖြင့် ၄ လကုန်ခါနီးနဲ့ ၅ လပိုင်း အစမှာဆို ဆူးထိုးကြပြီပေါနော့"  လို့ ဖရူဆို အနောက်ခြမ်းက စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးကလည်း ဆိုပါတယ်။

ဖရူဆိုမြိုနယ်မှာတော့ ဒေသတွင်း တိုက်ပွဲတွေကြောင့် ထွန်ယက်စိုက်မရတော့တဲ့ စိုက်ပျိုးမြေ ဧက ၂ ထောင်ကျော်အထိ ရှိနေပါတယ်။

ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...
August 10, 2026
ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၄၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို တော်လှန်...
August 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေလကြိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အရေပြား...
August 8, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်...