ကလေးမြို့က ကျောင်းတွေမှာ ကျောင်းစဖွင့်တဲ့နေ့တွင် ကျောင်းတက်တဲ့သူ နှစ်သောင်းနီးပါးရှိ

ကလေးမြို့က ကျောင်းတွေမှာ ကျောင်းစဖွင့်တဲ့နေ့တွင် ကျောင်းတက်တဲ့သူ နှစ်သောင်းနီးပါးရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှာ စစ်ကောင်စီ လက်အောက်က အခြေခံ ပညာဦးစီးဌာန လက်အောက် ရှိ ကျောင်းတွေမှာ ကျောင်းစဖွင့်တဲ့နေ့တွင် ကျောင်းတက်သူ ကျောင်းသူ/သား စုစုပေါင်း နှစ်သောင်းနီးပါး ရှိနေပါ တယ်။

ဒီကနေ့ ဇွန်လ (၁) ရက်နေ့မှာ ကလေးမြို့နယ်ထဲက ကျောင်းတွေမှာ ကျောင်းတက်တဲ့သူ နှစ်သောင်းနီးပါးရှိတယ် လို့ ကလေးမြို့နယ် ပညာရေးမှူးရုံးဆီကနေ သိရပါတယ်။

ကလေးမြို့နယ် ပညာရေးမှူးရုံး တာဝန်ရှိသူက “အခြေခံပညာကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ကိုယ်ပိုင် ကျောင်းတွေ အပါအဝင်ပေါ့။ ကျောင်းတက်တဲ့သူက မူလတန်းအဆင့်က (၁၃၀၄၃)၊ အလယ်တန်း အဆင့်က (၄၂၉၉) ယောက်၊ အထက်တန်းအဆင့်က (၁၂၂၀) ရှိတယ်ပေါ့၊ ကျောင်းစတက်တဲ့နေ့ ဆိုတော့ စာရင်းပေးတဲ့ သူ တွေ အကုန်မလာကြသေးဘူပေါ့။ နောက်နေ့တွေမှာ ထပ်တိုးလာဖို့တော့ရှိတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ယခုနှစ် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်မှာ ကျောင်းတက်နိုင်ဖို့အတွက် အစိုးရကျောင်း (၅၇) ကျောင်းနဲ့ ဘုန်းကြီးကျောင်း (၇) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၈) ကျောင်းတို့ကို ဖွင့်လှစ် ထားပြီး ဒီကနေ့အချိန်ထိ ကျောင်းအပ်တဲ့ ကျောင်းသားကျောင်းသူပေါင်း (၂၄၉၂၆) ယောက်ရှိပြီလို့ သူက ဆက် ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတာတွေ ကြောင့် စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ကျောင်းအများစုမှာ ကျောင်းဖွင့်နိုင်တာမျိုး မရှိသေးတဲ့အတွက် ကျောင်းမဖွင့်နိုင်တဲ့ ဒေသတွေက ကျောင်းသား/သူတွေရဲ့ ကျောင်းပြောင်းလက်မှတ်ကိစ္စနဲ့ ပတ်သက်လို့ အခက် အခဲတွေ အများကြီး ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန အနေနဲ့ ကျောင်းနေအရွယ် ကလေးတွေအားလုံး ကျောင်း တက်နိုင်ဖို့အတွက် ကျောင်းအပ်လက်ခံရေးကို မေလ (၂၃) ရက်နေ့ ကနေ မေလ (၃၁) ရက်နေ့အထိ သတ်မှတ် ထားရာကနေ ဇွန်လ (၁) ရက်နေ့ကနေ ဇွန်လကုန်ပိုင်းအထိ ရက်တိုးသတ်မှတ်ထားတယ်လို့ ပညာရေးမှူးရုံး တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...