ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည် စခန်းတွင် ကျောင်းသားဦးရေများပြီး သင်ထောက်ကူပစ္စည်းများ လိုအပ်နေ

ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည် စခန်းတွင် ကျောင်းသားဦးရေများပြီး သင်ထောက်ကူပစ္စည်းများ လိုအပ်နေ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများထဲတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ယခင်ပညာသင်နှစ်များထက် ကျောင်းသူ၊ ကျောင်းသားဦးရေများလာသဖြင့် စာသင်ကျောင်းအဆောက်အအုံနှင့် သင်ထောက်ကူပစ္စည်းများလို အပ်လျက်နေသည်ဟု ပညာရေးတာဝန်ရှိသူများက ပြောသည်။

ယခုနှစ်တွင် အချို့စာသင်ကျောင်းများတွင် ပြည်တွင်းမှ လာရောက်ကျောင်းတက်သည့် ကျောင်းသား ဦးရေ များ ပြားလာသော်လည်း ထောက်ပံ့မှု အလုံအလောက် မရရှိသလို ကျောင်းဆရာ၊ ဆရာမလို အပ်ချက်လည်းရှိသည် ဟု ကရင်ဒုက္ခသည်‌ကော်မတီဆိုင်ရာ ပညာ‌ရေးအဖွဲ့ - KRCEE မှ သိရသည်။

KRCEE တာဝန်ရှိသူတစ်ဦးက “ကျောင်းသား/သူဦးရေက များလာတယ်။ ဒါပေမယ့် လိုအပ်တဲ့ အထောက်အပံ့ တွေကတော့ မများလာဘူး။ ဒီဒုက္ခသည်စခန်း (၇)ခုမှာ ပညာရေးအပိုင်းအသုံးစရိတ်က ဘတ်ငွေ ၈ သိန်းဝန်း ကျင်လောက်ပဲ အထောက်အပံ့ရတော့ အားလုံးအတွက်က လုံလောက်မှုမရှိဘူးပေါ့” ဟု ကေအိုင်စီသို့ ပြော သည်။

၂၀၂၁ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲပြင်းထန်လာကာ နယ်မြေ မတည်ငြိမ်သည့်အတွက် ကျောင်းသူ၊ ကျောင်းသားများသည် နယ်စပ်ဒေသရှိ KECD လက်အောက်ခံ စာ သင်ကျောင်းသို့ ပြောင်းရွှေ့စာသင်ကြားနေကြသလို အချို့မှာ နီးစပ်ရာဒုက္ခသည်စခန်းထဲတွင် သွားရောက် စာသင်နေကြရသည်ဟု ဆိုသည်။

“တစ်ဖက်ကကြည့်ရင် စစ်လေယာဉ်ကို ပြေးစရာမလိုတော့ဘူး၊ လက်နက်ကြီးပစ်မှာကိုစိုးရိမ်စရာမလိုတော့ ဘူး။ အေးဆေး စာသင်လို့ရသေးတာပေါ့။ ဒါပေမယ့် တစ်ဖက်ကတော့ လိုအပ်ချက်တွေများပြီး လုံလောက်မှု တွေ မရှိဘူးပေါ့” ဟု အဆိုပါ KRCEE တာဝန်ရှိသူက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများထဲတွင် ၂၀၁၈ခုနှစ်မှစတင်ကာ ပညာရေးဆိုင်ရာ အကူအညီ အ ထောက်အပံ့များ အဆမတန် နည်းလာပြီး ပညာရေး ပုံမှန်လည်ပတ်နိုင်ရန်အတွက် စခန်းအတွင်းရှိ ကျောင်းသား မိဘများနှင့်အဖွဲ့အစည်းများမှ ပြန်လည် ဝိုင်းဝန်းကူညီနေကြရသည်ဟု သိရသည်။

အုန်ဖြန်ဒုက္ခသည်စခန်းရှိ ဒူးပလာယာ အမှတ်(၂)အထက်တန်းကျောင်း ကျောင်းအုပ်စောဝါးဝါးကလည်း “ကျနော် တို့ကျောင်းကတော့ ဒီနှစ်ကျောင်းသားဦးရေ ၁၀ ရာခိုင်နှုန်းလောက်တော့ တိုးလာတယ်။ အဆောက် အဦးတွေက ဒီလိုပဲရှိတာလေးနဲ့ ပြန်ပြင်နေရတယ်။ ကျောင်းသူ၊ ကျောင်းသားတွေဘက်ကတော့ စာအုပ်တွေ မလုံလောက် ဘူး။ ဒီနှစ်မှမဟုတ်ဘူး ကြာပြီးပေါ့၊ ပုံနှိပ်စာအုပ်က ၂ ယောက် တစ်အုပ်ကြည့်ရတာရှိတယ်။ ပြီးတော့ အဓိက တော့ ကျောင်းဆရာ၊ ဆရာမအထောက်အပံ့တွေက လိုအပ်တာပေါ့” ဟု ကေအိုင်စီ သို့ ပြော သည်။

ထိုင်းနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း (၇)ခုတွင် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ (၃)နှစ်တာကာလအတွင်း ကျောင်း ဆရာ၊ ဆရာမအယောက် ၄၆၅ ဦးအတွက်သာ အကူအညီရရှိပြီး ယခုနှစ်တွင်ကျောင်းသားဦးရေများလာသည့် အပေါ် ကျောင်းဆရာ၊မဦးရေလည်းများလာသည့်အတွက် အကူအညီမရသည့် ကျောင်းဆရာ၊ မများကို စခန်းအ တွင်းရှိ အဖွဲ့အစည်းအချင်းချင်းသာ ကူညီရမည်ဖြစ်သည်ဟု KRCEE ထံမှ သိရသည်။

အထက်ပါ KRCEE တာဝန်ရှိသူက “ကျမတို့ ကျောင်းဆရာ၊မအတွက် အကူအညီရတာက ၄၆၅ ဦးပဲ။ ကျန်တာ တွေက ကျမတို့အဖွဲ့အစည်းတွင်းက အချင်းချင်းပြန်ကူညီရတာပေါ့။ အဲဒီရတဲ့ထောက်ပံ့ကြေးထဲမှာတောင် တစ် ယောက်ကို လုပ်အားခတစ်လကို (၁၀၀၀)ဘတ်ပဲရတယ်။ တချို့ကျောင်းဆရာမတွေက လုပ်သက်အပေါ် အတွေ့ အကြုံပေါ်မူတည်ပြီး (၆၀) ဘတ်ထပ်တိုးပေးရတာတွေရှိတယ်” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ် လအူး၊ ထမ့်ဟင်နှင့် ဘန့်ဒုံယမ်းစသည့် ဒုက္ခသည်စခန်း (၇) ခုတွင် ကျောင်သူ၊ ကျောင်းသားဦးရေ ၁၆,၀၀၀ (တစ်သောင်းခြောက်ထောင်) ကျော်ရှိသည် ဟု KRCEE ထံမှ သိရသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...