ဖားကန့်မှာ အသတ်ခံရတဲ့ ပြည်သူ ၉ ဦး အမှု ပြည်သူ့ကော်မရှင်ဘက်က ရရှိလာတဲ့ အချက်တွေကို KIO ကိုပို့

ဖားကန့်မှာ အသတ်ခံရတဲ့ ပြည်သူ ၉ ဦး အမှု ပြည်သူ့ကော်မရှင်ဘက်က ရရှိလာတဲ့ အချက်တွေကို KIO ကိုပို့

ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ လဝါးကျေးရွာဘက်မှာ ပြည်သူ ၉ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ပြည် သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်မရှင်ဘက်က စုံစမ်းရရှိထားတဲ့ အချက်အလက်၊ ဒေတာတွေကို ကချင်လွတ်လပ် ရေးအဖွဲ့အစည်း (KIO/KIA)ကို ဧပြီလအတွင်းက ပေးပို့ထားပြီးပြီလို့ ပြည်သူတွေဘက်က ဖွဲ့စည်းထားတဲ့ ကော် မရှင်အဖွဲ့ဝင်များက ပြောပါတယ်။

အဲဒီပေးပို့ထားတဲ့အထဲမှာ ပြည်သူ့ကော်မရှင်ဘက်က စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအပြင် အမှုကို ဖြစ် မြောက်အောင် အားပေးအားမြှောက် ပြုလုပ်ခဲ့ကြသူတွေရဲ့ အမည်စာရင်းတွေကိုပါ ထည့်သွင်းပေးပို့ထားတယ် လို့လည်း ဆိုပါတယ်။

ပြည်သူ့တွေက်က ဖွဲ့စည်းထားတဲ့ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက “ဒီအမှုကို ဆုံးဖြတ်ပေးမယ့် သီးသန့် တရားရေး ကော် မရှင်ဖွဲ့ထားပြီလို့ အကြောင်းကြားလာကြတယ်။ အလုပ်လုပ်တာ အရာမရောက်သေးဘူးလို့ ရှင်းရှင်းလင်း လင်း မြင်ရတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အားပေးအား‌မြှောက် လုပ်နေတဲ့သူတွေ လွတ်နေသေးတယ်။ အဲဒါ တွေကိုလည်း အမြန်ဆုံး အရေးယူမှုတွေ လုပ်သွားရမယ်” လို့ သူက ပြောပါတယ်။

ဧပြီလ (၂၅) ရက်နေ့က အထက်ပါ ပြည်သူ (၉) ဦး အသတ်ခံရတဲ့ သုံးလပြည့် ခွန်အားယူ ဆုတောင်းပွဲ ပြုလုပ် ခဲ့ ပြီး နောက်တစ်နေ့မှာပဲ KIO/KIA ဘက်က ဒီအမှုနဲ့ ပတ်သက်ပြီး ဆက်လက် ကိုင်တွယ် လုပ်ဆောင်သွားဖို့ သီး သန့် တရားရေးကော်မရှင် ဖွဲ့စည်းပြီးသွားကြောင်း အကြောင်းကြားလာတာမျိုးတော့ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ KIO/KIA ဘက်ကနေ သီးသန့်တရားရေး ကော်မရှင်ဖွဲ့ပြီးကြောင်း အကြောင်းကြားလာတဲ့ အဆင့်မျိုးသာ ရှိပြီး ပြည်သူတွေဘက်က ဖွဲ့ထားတဲ့ ကော်မရှင်တွေနဲ့ တရားဝင်တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ် ဆောင်ဖို့ ပြောလာတာမျိုးတွေ လက်ရှိအချိန်အထိ မရှိသေးတဲ့အတွက် အားမရတဲ့ အပိုင်းတွေ ရှိနေတယ်လို့ အထက်ပါ ကော်မရှင်အဖွဲ့ဝင် တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အမှုဖြစ်တာ (၄) လ ရှိနေပြီ ဖြစ်ပေမယ့် တိကျတဲ့ အဖြေမထွက်လာသေးတဲ့အတွက် KIO/KIA အနေနဲ့ ပြည်သူ တွေဘက်က ဖွဲ့ထားတဲ့ ကော်မရှင်တွေနဲ့ တရားဝင်တွေ့ဆုံ ဆွေးနွေးတာတွေ၊ ပြည်သူတွေရဲ့ ယုံကြည်မှု ရရှိ အောင် လုပ်ဆောင်သင့်နေပြီလို့ အထက်ပါ အဖွဲ့ဝင်က ဆက်လက် ပြောပါတယ်။

“ခုထိ ကျွန်တော်တို့ ကော်မရှင်နဲ့ တွေ့ဆုံရအောင် ဟိုလို၊ ဒီလို လုပ်ရအောင်ဆိုပြီး တရားဝင်ဆွေးနွေးတာ မရှိ သေးဘူး။ ဒါကို ပေါ့ပေါ့တန်တန်နေရင် ပိုပြီးတော့ ဒီပြဿနာက နောက်ဆို ကျွန်တော်တို့ နိုင်ငံတွင်း KIA/KIO က သိက္ခာ မရှိလာဘူး။ အဓိက ကတော့ KIO/ KIAရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်တဲ့အပြင် ပြည်သူတွေကနေ ယုံ ကြည်ထားတဲ့ ယုံကြည်ချက်တွေ လျော့လာမယ်ဆိုတဲ့ အချက်တွေပေါ့” လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အမှန်တရားပေါ်ပေါက်နိုင်ရေးအတွက် ပြည်သူ့ကော်မရှင်တင်မဘဲ KIO/KIA ဘက်ကပါ ကော်မရှင်ဖွဲ့ စုံစမ်းစစ် ဆေးတာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး KIO/KIA ပြန်ကြားရေး တာဝန်ခံဆီ  မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်း ထားပြီး အခုချိန်ထိတော့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

အသတ်ခံရတဲ့ ပြည်သူ ၉ ဦးဟာ အသက်၂၀ ကျော်ကနေ ၅၀ ဝန်းကျင်အရွယ်တွေ ဖြစ်ကြပြီး မိုးကောင်းမြို့က ဦးကျော်စိုး၊ ဆားမှော်ကျေးရွာက မခေါန်ဘူ၊ မနန်လွမ်တို့ နှစ်ဦး အပြင်၊ ဗန်းမော်မြို့ဘက်က ဦးလဇွမ်တူးလွမ်၊ ထွန်းအေး(မာရှောင်)၊ ဦးရှဲ့၊ ၊ ဦးထွန်းယုံ၊ ဖိုးတုတ်တို့ ဖြစ်ပြီး ဦးယော်ဟန်ကတော့ နမ္မတီးမြို့က ဖြစ်ပါတယ်။

 သေဆုံးသွားသူ ၉ ဦးဟာ ဇန်နဝါရီလ ၂၄ ရက်နေ့က မိတ်ဆွေဖြစ်သူ မိုးကောင်းမြို့နေ ဦးကျော်စိုးဆိုသူရဲ့ လဝါး ကျေးရွာဘက်က စိုက်ပျိုးရေးခြံဘက် ငါးဖမ်းထွက်တဲ့အချိန် KIA/PDFတွေကနေ ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရပြီးတဲ့နောက် လဝါးကျေးရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ နေရာမှာ ၇ ပေလောက်ကျယ်ဝန်းတဲ့ ကျင်းတစ် ကျင်း မှာ လူ ၇ ဦးရဲ့ အလောင်းကိုတွေ့ခဲ့တဲ့အပြင် နောက်ထပ်တစ်ကျင်းမှာတော့ ၂ ဦးကို မြှုပ်ထားခဲ့တာ ဖြစ်ပါ တယ်။

ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...
August 24, 2026
ကချင်မြေ လွတ်မြောက်နယ်မြေတွင် ဖွင့်လှစ်ထားသည့် Northern Rehabilitation Center for Amputees (NRC...
August 22, 2026
မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်...