ကိုဗစ်နှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် တနိုင်း - ရှင်ဗွေယန် လီဒိုလမ်းမကြီးပြုပြင်မည့် ဘတ်ဂျတ်ပြန်အပ်

ကိုဗစ်နှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် တနိုင်း - ရှင်ဗွေယန် လီဒိုလမ်းမကြီးပြုပြင်မည့် ဘတ်ဂျတ်ပြန်အပ်

ကချင်ပြည်နယ်၊ တနိုင်း - ရှင်ဗွေယန် လီဒိုလမ်းမကြီးပြုပြင်ဖို့ ဘတ်ဂျတ်ကျပြီးသား ဖြစ်ပေမယ့် ကိုဗစ်ကပ်ရော ဂါ အခြေအနေနဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် မလုပ်ဖြစ်ဘဲ နိုင်ငံတော်ကို ဘတ်ဂျတ်ပြန်အပ်လိုက်ရ တယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောပါတယ်။

တနိုင်းလမ်းနဲ့ ဖားကန့်လမ်းပိုင်းမှာ ပျက်စီးမှုတွေ ပိုမိုများပြားလာပေမယ့် လုံခြုံရေးကြောင့် ပြုပြင်မှုတွေ မပြု လုပ်နိုင်သေးဘဲ လမ်းညှိပေးသွားဖို့တော့ ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တိုင်ပင်ထားတာတွေရှိ တယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါ တယ်။

ဦးခက်ထိန်နန်က “ကွန်ကရစ်လမ်းတို့ ကတ္တရာလမ်းတို့ မခင်းနိုင်သေးရင်လည်း မြေညှိပြီးတော့ လိုအပ်တဲ့နေရာ တွေမှာ သဲကျောက် ထည့်ဖို့တော့ တိုင်ပင်ထားတာရှိတယ်။ လုံခြုံရေးအရ လုပ်ချင်တိုင်းလုပ်လို့မရတဲ့ အနေ အထားတော့ ဖြစ်နေတယ်။ တချို့နေရာတွေမှာက ဘတ်ဂျတ်ချထားလိုက်ပေမယ့် မလုပ်ဖြစ်တဲ့ နေရာတွေ ရှိ တော့ ဘတ်ဂျတ် ပြန်အပ်လိုက်ရတာတွေ ရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

တနိုင်း - ရှင်ဗွေယန် လီဒိုလမ်းပိုင်းဟာ NLD အစိုးရလက်ထက်က ဘတ်ဂျတ်ချ ကွန်ကရစ်လမ်း ဆောက်လုပ်နေ တာ ဖြစ်ပြီးတော့ အာဏာသိမ်းလိုက်တာကြောင့် မကောကျေးရွာမရောက်ခင် လမုန်ကျေးရွာအကျော်မှာ ရပ်နား လိုက်တာဖြစ်ပြီး လမ်းကိုဆက်လက်ပြုလုပ်တာမျိုး မရှိတော့တဲ့အပြင် ကားကြီးတွေ ဖြတ်သန်းသွားလာမှုတွေ ကြောင့် လမ်းပိုင်း ပိုမိုပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ပျက်စီးမှုအများဆုံးဖြစ်တဲ့ ရှိန်လုံကျေးရွာနဲ့ လဂျားဘွမ်ကျေးရွာကြားက ချိုင့်ခွက်တွေကို သဲ ကျောက်ဖို့တာတွေ ရှိနေပေမယ့် သဲကျောက်နည်းပါးပြီး မြေသားပိုများနေတာကြောင့် ထိရောက်မှုမရှိဘူးလို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒေသခံက “သဲကျောက်က များများမထည့်ပေးဘဲ မြေကြီးပဲထည့်တော့ မိုးရွာတော့ ပိုတောင်ဗွက်ထသေးတယ်” လို့ ဆိုပါတယ်။

အဲဒီ လမ်းပိုင်းဟာ အိန္ဒိယနယ်စပ်အထိ ပေါက်တဲ့ လီဒီုလမ်းမကြီး ဖြစ်တာကြောင့် NLD အစိုးရလက်ထက်က ကုန်သွယ်ရေးအတွက် ရည်ရွယ်ပြီး လမ်းတံတား ဆောက်လုပ်တာတွေကို ပြုလုပ်ခဲ့တဲ့ လမ်းပိုင်းလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...
August 24, 2026
ကချင်မြေ လွတ်မြောက်နယ်မြေတွင် ဖွင့်လှစ်ထားသည့် Northern Rehabilitation Center for Amputees (NRC...
August 22, 2026
မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်...