မိုးဗြဲ ပီကင်းလမ်းပေါ် သားအဖနှစ်ဦး သေနတ်ပစ်ခတ်ခံရ၊ အဖေဖြစ်သူ သေဆုံး

မိုးဗြဲ ပီကင်းလမ်းပေါ် သားအဖနှစ်ဦး သေနတ်ပစ်ခတ်ခံရ၊ အဖေဖြစ်သူ သေဆုံး
Aung Moe Myint
Aung Moe Myint

သျှမ်း - ကရင်နီ (ကယား) နယ်စပ် မိုးဗြဲမြို့ ပီကင်းလမ်းပေါ်တွင် သားအဖနှစ်ဦး သေနတ်ပစ်ခတ်ခံရပြီး အဖေ ဖြစ်သူ သေဆုံးသွားသည်။

ယမန်နေ့ (မေလ ၂၂) ရက် နေ့လယ်ပိုင်းအချိန်၌ နေအိမ်သို့ ပြန်စဉ် လမ်းတွင် ၎င်းတို့ စီးလာသည့်ကား ပစ်ခတ်ခံရ ပြီး အသက် ၆၀ နှစ် ဦးအုန်းမြင့် (ခ) ဦးညိုကြီးသည် ညာဖက် ပုခုံးအောက် ကျည်ဆံထိမှန် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကို သွားရောက်ကူညီသည့် လူမှုကူညီရေးအသင်းမှ တာဝန်ခံက ပြောသည်။

“သူတို့ အိမ်ပြန်တဲ့အချိန် မိုးဗြဲမြို့ အကျော်မှာ ပစ်ခံရတာဗျ။ ဘယ်အဖွဲ့က ပစ်တယ်တော့ မသိရဘူး။ မိုးဗြဲမြို့ ရဲ့ အကျော်နားဆိုတော့ တောထဲရောက်သွားတာ။ ဒဏ်ရာကတော့ လက်မောင်း၊ ဂျိုင်းပေါ်နားလေးမှာပေါ့။ ပစ် ခံရတဲ့တစ်ယောက်တော့ သိပ်မကြာခင်ဘဲ ဆုံးသွားတယ်“ ဟု လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ၎င်းတို့ စီးလာသည့် ကာလးည်း ထိခိုက်ပျက်စီးသွားသည်ဟု သွားရောက် ကူညီပေးခဲ့သူများက ပြောသည်။

ယခုကဲ့သို့ အရပ်သား စီးနှင်းလာသည့် ကားကို ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်သည် ယခုလအတွင်း ပထမ အကြိမ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သျှမ်း - ကရင်နီ နယ်စပ် တလျောက် တိုက်ပွဲပြင်းထန်နေသည့် ဒေသသီးသီးကို စစ်ကောင်စီ စစ်ကြောင်းထိုးပြီး တပ်စွဲနေထိုင်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခြင်းတို့ကြောင့် ဒေသခံများ အနေ ဖြင့် နေရပ်ပြန်ကာ ပစ္စည်းသွားသယ်ယူခြင်း မပြုရန် နှင့် မသွားလာကြရန် KNDF B-09 က (မေလ ၁၄) ရက်နေ့ တွင် သတိပေးထုတ်ပြန်ထားသည်။

လက်ရှိမှာလည်း သျှမ်း – ကရင်နီ နယ်စပ် မိုးဗြဲ၊ ဖယ်ခုံ နှင့် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့ စစ်တပ်ဖွဲ့ PNO နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ လှုပ်ရှားရာ နယ်မြေ ဒေသတစ်ခု ဖြစ်ပြီး လက်ရှိ တိုက်ပွဲပြင်းထန်သည့် နေရာလည်း ဖြစ်သည်။

April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...
April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...