လင်းခေး၌ မူးယစ်ဆေးသုံးစွဲသူများကို စစ်အုပ်စုတပ်နှင့် RCSS အပြိုင်ဖမ်း၍ တပ်သားစုဆောင်းနေ

လင်းခေး၌ မူးယစ်ဆေးသုံးစွဲသူများကို စစ်အုပ်စုတပ်နှင့် RCSS အပြိုင်ဖမ်း၍ တပ်သားစုဆောင်းနေ
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

ရှမ်းပြည် တောင်ပိုင်း၊ လင်းခေးခရိုင်အတွင်း စစ်အုပ်စုတပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်အဆိုင် ဖမ်းဆီးကာ တပ်သားစုဆောင်းလျက်ရှိ ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လမှစတင်၍ လင်းခေးမြို့ပေါ်နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်အုပ်စု တပ်နှင့် RCSS/SSA တို့က လိုက်လံစစ်ဆေးဖမ်းဆီးကာ တပ်သားစုဆောင်းနေခြင်းဖြစ်သည်ဟု လင်းခေးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လင်းခေးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက “သူတို့ သတင်းရတာဖြစ်ဖြစ် တခုခုသိထားရတာဖြစ်ဖြစ် ရွာတွေကို ဝင်တာ လမ်းသွားလမ်းလာကို စစ်ဆေးပြီး ဖမ်းတာရှိတယ်။ပြီးတော့ သတင်းရလို့ အိမ်ထိဝင်စစ်တယ်။ ဆီးတွေ ပါ စစ်တယ်” ဟု ပြောသည်။

ထို့ပြင် စစ်အုပ်စုတပ်နှင့် RCSS/SSA တပ်ဖွဲ့နှစ်ဖွဲ့လုံးက မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်အဆိုင် ဖမ်းဆီးနေ သော်လည်း စစ်အုပ်စုတပ်ထံ ဖမ်းဆီးခေါ်ဆောင်ခံရမည်ကို ဒေသခံများက ပိုမိုစိုးရိမ်နေကြသည်။

၎င်းဒေသခံ အမျိုးသမီးက “စစ်ကောင်စီတပ်က မူးယစ်ဆေးသုံးစွဲသူကို ဖမ်းပြီး ရှေ့တန်းကို ပို့တော့ ရွာက လူတွေက ပိုပြီး စိုးရိမ်ကြတယ်။ သူတို့ဖမ်းတာ အသက်အရွယ်မရွေးဘူး အကုန်ဖမ်းတာပါ။ ကျနော် အသိတွေ လည်း ပါသွားတယ်။ ဒါပေမယ့် RCSS ကတော့ မူးယစ်ဆေးဝါးသုံးတဲ့ လူငယ်တွေပဲဖမ်းတာ၊ လူကြီးမဖမ်းဘူး” ဟု ပြောသည်။

ယခုကဲ့သို့ စစ်အုပ်စုတပ်နှင့် RCSS တို့က တပ်သားများ အပြိုင်အဆိုင် စုဆောင်းလာခြင်းကြောင့် လင်းခေးခရိုင် အတွင်း နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကိုလည်း ဒေသခံများက စိုးရိမ်လျက်ရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့ကလည်း မိုင်းပျဉ်းမြို့နယ်ရှိ RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်အုပ်စု တပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်ပူးပေါင်းတပ်များ စစ်ကြောင်းထိုးဝင် ရောက်လာသဖြင့် ဆင်မောင်းနှင့် တာကော်ကျေးရွာအုပ်စုတို့၌ မိနစ် ၂၀ နီးပါး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

Most read this week

သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...