သထုံတွင် ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ

သထုံတွင် ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ ရန်ကုန် - မော်လမြိုင် ကားလမ်းမတွင် ခရီးသည်တင် ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခရီးသည် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

မေလ ၂၁ ရက်နေ့ (ယမန်နေ့) ည ၉ နာရီ အချိန်ခန့်က ဘီးလင်းဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် အဆိုပါ ခရီးသည်တင်ကားသည် ကမာစိုင်ကျေးရွာ အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက “မိုင်းစထိမှန်ဒဏ်ရာရရှိတဲ့သူတွေကို နီးစပ်ရာ ဆေးရုံကို ပို့ဆောင်ပေး ခဲ့ပြတယ်။ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သူတွေထဲက လည်ပင်းပေါက်ပြဲဒဏ်ရာရရှိထားတဲ့လူနာက စိုးရိမ်ရတယ်” ဟု ပြောသည်။

ခရီးသည် အမျိုးသမီး၊ အမျိုးသား ၁၀ ဦး စီးနင်းလိုက်ပါလာသည့် ကား မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် မြဝတီမြို့ မှ အသက် ၄၈ နှစ်အရွယ် ဦးလှမင်းထွန်း၊ အသက် ၃၆ နှစ်အရွယ် ကိုအောင်မွန်ဦးနှင့် ဧရာဝတီတိုင်း၊ မော်လမြိုင် ကျွန်းမြို့နယ်မှ အသက် ၄၃ နှစ်အရွယ် ဦးမြင့်ဇော်တို့ ၃ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည်။

ခရီးသည်ကား မိုင်းဆွဲတိုက်ခိုက်ခံရမှု ဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မတ်လကလည်း သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု ပုတိမ်ရိုးကျေးရွာ ရန်ကုန် - မော်လမြိုင် ကားလမ်းတွင် မှန်လုံယာဉ်တစ်စီး မိုင်းဆွဲခံရပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီး ကိုရင်တစ်ပါး ကျည်ထိ မှန်ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလအတွင်းကလည်း သထုံမြို့ ရန်ကုန် - မော်လမြိုင် ကားလမ်းတွင် ၁၂ ဘီး ကုန်တင်ကားတစ်စီး မိုင်းဆွဲခံခဲ့ရသေးသည်။

သထုံမြို့နယ် ရန်ကုန် - မော်လမြိုင် အဝေးပြေးကားလမ်းမတွင် ခရီးသည်တင်ယာဥ်နှင့် လူမှုကယ်ဆယ်ရေး ယာဥ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်များ အပြင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် ဖြစ်စဥ်များလည်း မကြာခဏ ဖြစ်လေ့ရှိသည်။

သထုံမြို့နယ်အတွင်းက ရန်ကုန် - မော်လမြိုင်အဝေးပြေး လမ်းမတလျှောက်နေရာများသည် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ အကြား ထိတွေ့ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့် နေရာဖြစ်သည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...