မတူပီမြို့နယ်က မိုခါမုန်တိုင်းသင့်ပြည်သူတွေ အကူအညီမရသေးသောကြောင့် စားဝတ်နေရေးခက်ခဲနေ

မတူပီမြို့နယ်က မိုခါမုန်တိုင်းသင့်ပြည်သူတွေ အကူအညီမရသေးသောကြောင့် စားဝတ်နေရေးခက်ခဲနေ

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ မိုခါမုန်တိုင်း ဘေးသင့်နေတဲ့ ပြည်သူတွေဟာ အကူအညီမှမရသေးတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ မတူပီမြို့နယ်က ဒေသခံတချို့က Chin World Media ကို ပြောပါတယ်။

မေလ(၁၄)ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် မတူပီမြို့နယ်ထဲက ကျေးရွာတွေမှာ နေ ထိုင်တဲ့ ပြည်သူတွေ စားဝတ်နေရေးအတွက် ခက်ခဲနေကြတာလို့ ပြောပါတယ်။

မတူပီမြို့နယ်က ဒေသခံတစ်ယောက် “စပါးကျီတွေ သိုလှောင်ထားတဲ့ဟာတွေလဲ ပျက်စီးတာတွေရှိတယ်။ အဲ့ဒါ တွေကြောင့်လည်း စားဝတ်နေရေးပိုင်းမှာ အခက်အခဲတွေရှိတယ်ပေါ့။ နောက်ပြီးတော့ သွပ်မိုး၊ မိုးကာတွေဆို လည်း ဝယ်လို့ရတဲ့ အနေအထားမှာမရှိဘူး။ ကားလမ်းတွေ ပိတ်ထားတာတွေလည်း ရှိပြန်လို့ပေါ့နော်။ အဲ့ဒါတွေ ကြောင့် အခက်အခဲတွေ အများကြီးရှိတယ်” လို့ မေလ ၂၀ ရက်နေ့က ပြောပါတယ်။

အင်အား အလွန့်အလွန် ပြင်းထန်တဲ့ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဟာ ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း အင် အား တစ်နာရီကို မိုင် (၅၀) ကနေ (၇၀) အကြား တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်ပေါင်း (၈၈၇) လုံး ထိခိုက်ပျက် စီး သွားသလို စပါးကျီတွေလည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ က မေလ (၁၈) ရက်နေ့မှာ သတင်းထုတ် ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မတူပီမြို့ပေါ်မှာ လေဘေးသင့် ပြည်သူတွေကို တာဝန်ရှိသူတွေက စားသောက်ကုန် ပစ္စည်း တွေ ထောက်ပံ့ခဲ့ကြပေမယ့် မတူပီမြို့နယ်အတွင်းက ကျေးရွာတွေမှာတော့ အဲ့ဒီထောက်ပံ့မှုတွေ မရရှိကြသေး ဘူးလို့ ကူညီပေးနေသူတစ်ယောက်က အခုလို ပြောပါတယ်။

မုန်တိုင်းသင့် ပြည်သူတွေကို ကူညီပေးနေသူ တစ်ယောက်က “မတူပီမြို့ပေါ်မှာတော့ ဆန်၊ဆီ၊ဆားတွေ ထောက် ပံ့တယ်လို့တော့ သိရတယ်။ ဒါပေမယ့် မြို့နယ်က ရွာတွေမှာတော့ အခုချိန်ထိထောက်ပံ့မှုတွေတစ်ခုမှ မရသေး ဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းက ပရဟိတ အဖွဲ့အစည်းတွေကလည်း အခုချိန်ထိ ထောက်ပံ့တာ တွေ မလုပ်ကြသေးဘူး” လို့ သူကပြောပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်းက နေအိမ်တွေဟာ သွပ်မိုးတွေ လန်တာတွေ ပျက်စီး ကုန်တာနမျိုး ရှိတဲ့အတွက် စစ်ဘေးရှောင်နေတဲ့ သူတွေနဲ့ ကျေးရွာထဲက မုန်တိုင်းသင့်ပြည်သူတွေကို နိုင်ငံ တကာရောက် အဖွဲ့အစည်းတွေ၊ ပြည်တွင်းက စေတနာရှင် အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံးကူညီပေး စေချင် တယ်လို့ သူကဆက်ပြောပါတယ်။

ချင်းပြည်နယ် မတူပီမြို့နယ် စစ်ကောင်စီအဖွဲ့၀င်တွေက အင်တာနက်လိုင်းပိတ်ထားတာ၊ ဖုန်းလိုင်းပိတ်တာမျိုး တွေကို လုပ်ထားနေတဲ့အတွက် လေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်တဲ့ အပိုင်းမှာ အခက်အခဲဖြစ်နေ ပြီး အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့ မတူပီမြို့ခံတွေက လိုလားကြတယ်လို့ ဆိုကြပါတယ်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...