စစ်တပ်အနီးရှိ လယ်မြေများတွင် စပါးမစိုက်ကြရန် ကျုံဒိုးက လယ်ပိုင်ရှင်များ ဖိအားပေးခံနေရ

စစ်တပ်အနီးရှိ လယ်မြေများတွင် စပါးမစိုက်ကြရန် ကျုံဒိုးက လယ်ပိုင်ရှင်များ ဖိအားပေးခံနေရ
Photo-CJ
Photo-CJ

စစ်တပ်က စခန်းချထားသည့် ကျေးရွာများ အနီးအနားဝန်းကျင်ရှိ လယ်ယာမြေများတွင် ယခုနှစ် စိုက်ပျိုးရာသီ စပါးမစိုက်ကြရန် ကျုံဒိုးမြို့ အခြေစိုက် ခြေမြန်တပ်ရင်း - ခမရ ၅၄၅ တပ် နှင့် ၅၄၆ တပ်က အမိန့်ထုတ်ထား သည်ဟု ဒေသခံကျေးရွာသားများက ပြောသည်။

ထို့အပြင် အခြားနေရာများတွင်လည်း စိုက်ပျိုးခွင့်ပေးထားသော်လည်း လူ ၃ ဦးထက် ပိုပြီး လုပ်ငန်းခွင်အတွင်း ရှိမနေရဟု အမိန့်ထုတ်ထားခြင်း ဖြစ်သည်။

အမည်မဖော်လိုသူ ကော့ဝါလဲ ရွာသားတစ်ဦးက “ကော့ဝါလဲရွာဘက်အခြမ်းတွေ၊ ၅၄၅/၅၄၆ တပ် ပတ်ချာ လည်က လယ်တွေကို တပ်က အမိန့်ထုတ်ထားတယ်တဲ့ လယ်မစိုက်ရ။ စိုက်ချင်တယ်ဆိုလည်း လူသုံး ယောက် ထက် မပိုရတဲ့။ အဲ့လိုဆိုတော့ စပါးစိုက်ကြဖို့က ခက်ပြီလေ။ သူတို့ စစ်တပ်က ရွာတွေထဲက စာသင်ကျောင်း တွေမှာ တပ်စွဲထားတယ်။ ရွာပြင်ဘက် ရာဘာခြံဘက်တွေမှာ ကင်းပုန်းထားထားတယ်ဆိုတော့ ဘယ်မှ အလုပ် ထွက်လုပ်လို့မရဲဘူး။ ကော့ဝါလဲကနေ နောင်တမံ၊ ကတွတ်မင်းဘုရားအထိ ဟောင်သရော၊ ဂျိုင်းမြစ် ကမ်းနား တန်း တလျှောက်ဝပ်ကျင်းတွေတူးပြီးနေရာ ယူထား တယ်ကြားတော့ ရွာသားက ဘယ်မှမသွားရဲကြဘူး ဖြစ်နေ တယ်” ဟု ပြောသည်။

ကျုံဒိုးအခြေစိုက် ခမရ ၅၄၅/၅၄၆ တပ်ပတ်ဝန်းကျင်ရှိ ဒေသခံ လယ်ယာမြေကွင်း မြေများမှ တော်လှန်ရေး ပူးပေါင်းတပ်များ ခြုံခိုတိုက်ခိုက်ခြင်း၊ တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ ဒရုန်းယာဥ်ဖြင့် ဗုံးသီးချ တိုက် ခိုက်ခြင်းများ မရှိစေရေးအတွက် ကျေးရွာလယ်ယာများကို ယခုနှစ် စပါးစိုက်ရာသီတွင် မစိုက်ပျိုး ကြရန် အမိန့် ပေးတားမြစ်မှုများ လုပ်ဆောင်နေသည်ဟု ကော့ဝါလဲ ရွာသားများက ပြောသည်။

လက်ရှိတွင် နေ့စဥ် /ညစဥ် ကျုံဒိုးကျေးရွာများဘက်သို့ စစ်တပ်စခန်း ၂ ခု မှ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်ရှိ နေသောကြောင့် စစ်ဘေးရှောင် နေရာများမှ နေ၍ မိမိကျေးရွာဘက်နေရပ် ပြန်နေထိုင်မရှိကြသေးဘူးဟု ဒေသခံများက ပြောသည်။

နောင်တမံကျေးရွာသား တစ်ဦးက “ကျုံဒိုးအရှေ့ဘက် ကမ်းဘက် ပစ်ထုတ်၊ အနောက်ဘက်ကမ်းဘက် ပစ်ထုတ် နဲ့ လူမရှိတော့ရွာ အိမ်တွေထိတယ်။ ပျက်တယ်။ လူသာရှိမယ်ဆိုလည်း ထိကြမှာပဲ။ အဲ့ဒါကြောင့် အခြေအနေ ကြည့်ပြီး ရွာပြန်ကြည့်လိုက်၊ စစ်ရှောင်တဲ့နေရာ ဘက်ပြန် လာနေလိုက် လုပ်နေရတယ်၊ စိုက်လို့လည်းမရ၊ ခြံလုပ်လို့လည်းမရ နဲ့ နေရ စားရတာ ကြာလာတော့ မလွယ်တော့ဘူး” ဟု ပြောသည်။

ယခုတလော စစ်တပ်သည် ကော့ကရိတ်ဘက်၊ တောင်ကြာအင်းကျေးရွာဘက်ရှိ ကျေးရွာချင်းဆက် လမ်းများ ဖျက်ဆီးပိတ်ဆို့ပြီး ကျေးလက်နှင့်မြို့ပြ သွားလာ ဆက်သွယ်မှုအား ဖြတ်တောက်မှုများ လုပ်ထားသည်။

ကျေးရွာမှ မြို့ဘက်သွားသည့် လမ်းပိုင်းများတွင်လည်း စစ်ကြောင်းထိုး ကင်းပုန်းဝပ်နေရာယူထားခြင်းကြောင့် စားသောက်စရာ၊ စျေးရောင်းစျေးဝယ်၊ ကျန်းမာရေးကိစ္စများ၊ ပညာရေးကိစ္စများ လုပ်ဆောင်ရာတွင် အခက် အခဲများ ပိုဖြစ်လာနေသည်ဟု ကော့ကရိတ်/ကျုံဒိုး ဒေသခံများက ပြောသည်။

ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...
ဓာတ်ပုံ - CJ
August 27, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူး-မင်းလက်ပံဒေသတွင် စစ်အုပ်စုတပ်နှင့်...
August 26, 2026
ကရင်အမျိုးသားအစည်းအရုံး - KNU၊ တပ်မဟာ (၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို (သရက်ချောင်း) မြို့နယ်...
ဓာတ်ပုံ - CJ
August 26, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတနှင့် လေးမျက်နှာမြို့နယ်အစပ် တလုတ်ထော်မြို့ဘက်သို့...