စစ်တပ်ဧရိယာအတွင်း ကျရောက်နေသည်ဟုဆိုကာ ဝိုင်းမော်မြို့နယ်ထဲက အိမ် ၃၀ ကျော်အား ရွှေ့ပြောင်းခိုင်း

စစ်တပ်ဧရိယာအတွင်း ကျရောက်နေသည်ဟုဆိုကာ ဝိုင်းမော်မြို့နယ်ထဲက အိမ် ၃၀ ကျော်အား ရွှေ့ပြောင်းခိုင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာထဲက အိမ်ထောင်စု ၃၀ ကျော်ကို စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း ၃၂၁ ဧရိယာအတွင်းမှာ ကျရောက်နေတယ်လို့ဆိုကာ ရွှေ့ပြောင်းခိုင်းထားသည်ဟု ဒေသခံများက ပြောပါတယ်။

ယခုပြောင်းရွှေ့ရမယ့် နေအိမ် ၃၀ ကျော်မှာ ရွှေညောင်ပင်ကျေးရွာ၊ ရပ်ကွက် ၁ နယ်မြေထဲက ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတစ်ဦးက “သူတိုရဲ့ စစ်တပ်မြေ ဧရိယာဟုတ်တယ်ဆိုပြီး အဲ့ဒီဘက်က လူတွေကိုတော့ မြေ တွေ၊ အိမ်တွေသိမ်းပြီး ရွှေ့ပြောင်းခိုင်းထားတယ်။ ဘယ်ကိုဆိုပြီး နေရာကပြပေးပေမယ့် အိမ်တွေကိုတော့ ဆောက်ပေးတာမျိုးမရှိဘူး” လို့ ပြောပါတယ်။

အခုနှစ် ဧပြီလကစပြီး စစ်ကောင်စီတပ်က ရွှေ့ပြောင်းခိုင်းထားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က တာဝန်ရှိသူတွေဟာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဒေသခံရွာသားတွေဆီကို ဧပြီလထဲ ရောက်လာပြီး ရွှေ့ပြောင်းကြဖို့ လာပြောသွားတာဖြစ်ပြီး ရွာသားတွေနေဖို့ နေရာညွှန်ပြပေးတာမျိုးရှိပေမယ့် အိမ်တွေကို ပြန်ဆောက်ပေးတာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် နေစရာ နေရာမရှိဘဲ အခက်အခဲတွေနဲ့ ကြုံနေရတဲ့တယ်လို့ ပြောင်းရွှေ့ရမယ့်သူတွေက ပြောပါတယ်။

ရွှေ့ပြောင်းရတဲ့ သူတွေဟာ အရင်က တပ်မိသားစုဝင်တွေ ဖြစ်ကြပြီး အခုအချိန်မှာတော့ တပ်က ထွက်လိုက်တဲ့ စစ်မှုထမ်းဟောင်းတွေ ဖြစ်ကြပါတယ်။

သူတို့တွေနေထိုင်ဖို့ ရွှေညောင်ပင်ကျေးရွာ ရပ်ကွက် ၅ က စစ်ရှောင်စခန်းရှိရာဘက်ကို  နေရာ ညွှန်ပေးတာ မျိုးရှိပေမယ့် အခုလတ်တလောမှာတော့ မပြောင်းရွှေ့ရသေးဘူးလို့ ရပ်ကွက် ၁ ရာအိမ်မှူး ဦးလင်းအောင်က ပြောပါတယ်။

“ရပ်ကွက် (၅) ဘက်က ဒုက္ခသည်စခန်း အဲဒီလိုမျိုး ချထားပေးမယ်လို့တော့ သတင်းကြားပါတယ်။ နှစ်ခန်းဆို နှစ်ခန်း အဲဒီလိုမျိုးပဲ နေခိုင်းမှာပေါ့” လို့ ဦးလင်းအောင်က ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း ၃၂၁ ဧရိယာအတွင်းမှာ ကျရောက်နေလို့ ပြောင်းရွှေ့ရမယ့် အိမ်ထောင်စု ၃၀ ကျော်ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ရွှေညောင်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းဝေကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။

ရွှေညောင်ပင်ကျေးရွာဟာ မြစ်ကြီးနား - လိုင်ဇာလမ်းပေါ်မှာ တည်ရှိပြီးတော့ အနီးအနားမှာတော့ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း ၃၂၁ ရှိနေပါတယ်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...