တန့်ယန်းမြို့နယ်က ကျောက်မီးသွေး တူးဖော်မှုကြောင့် နမ့်ပန်ချောင်း ထိခိုက်မည်ကို ဒေသခံများ စိုးရိမ်နေ

တန့်ယန်းမြို့နယ်က ကျောက်မီးသွေး တူးဖော်မှုကြောင့် နမ့်ပန်ချောင်း ထိခိုက်မည်ကို ဒေသခံများ စိုးရိမ်နေ
ပုံ/ဟောင်း - တန့်ယန်းမြို့နယ်အတွင်းကျောက်မီးသွေး တူးဖော်မှု
ပုံ/ဟောင်း - တန့်ယန်းမြို့နယ်အတွင်းကျောက်မီးသွေး တူးဖော်မှု

သျှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်မှုနေကြောင့် နမ့်ပန်ချောင်း ထိခိုက်မှာကို ဒေသခံများက စိုးရိမ်နေကြသည်။

တန့်ယန်းမြို့နယ်၊ ဝမ်ပန်ကျေးရွာအုပ်စုရှိ နမ့်ပန်ချောင်း၏ ရေထွက် အရင်းအမြစ် အနီးတွင် AAA (A သုံးလုံး) ကုမ္ပဏီမှ ကျောက်မီးသွေး တူးဖော်မှုကြောင့် နမ့်ပန်ချောင်း ရေထွက်ဦး နေရာထိခိုက်မှု ရှိလာနိုင်သည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တူးနေတာကတော့ AAA ကုမ္ပဏီက ဖြစ်ပါတယ်။ တူးလိုက် ရပ်လိုက်လုပ်ပေမယ့် လုပ်နေတာလည်း နှစ်ပေါင်း ကြာလာပြီဆိုတော့ မြေအောက်ကနေ မြစ်ရဲ့ ရေထွက်ဦး နေရာနားကို နီးလာနေပြီ၊ အခုက ရေနှောက်တာတော့ ဖြစ်တယ်၊ ဆက်လုပ်မယ်ဆိုရင်တော့ မြစ်ကို ထိခိုက်မှာ ကြောက်ရတယ်” ဟု တန့်ယန်းမြို့ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ AAA (A သုံးလုံး) ကုမ္ပဏီမှ တူးဖော်နေသည့် ဝမ်ပန်ကျေးရွာအုပ်စုမှ ကျောက်မီးသွေးတွင်းသည် နှစ်ပေါင်း ၁၇/၁၈ နှစ်နီးပါး ကြာခဲ့ပြီဖြစ်သည့်အတွက် လက်ရှိမှာ နမ့်ပန်ချောင်း နှင့် နီးကပ်လာကာ အဆိုပါ ချောင်း တိမ်ကောသွားမည်ကို  ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။

အလားတူ တန့်ယန်းမြို့နယ်၊ နားဟုတ်ကျေးရွာအုပ်စု အတွင်းတွင် ငွေရည်ပုလဲမှ ကျောက်မီးသွေး တူးဖော်နေ သည့် အနီးတဝိုက်က ကျေးရွာများမှာ မြေအက်ကွဲမှုများ ဖြစ်ပွားခဲ့သေးသည်။

အဆိုပါဖြစ်စဉ်မှာ ၂၀၂၀ ခုနှစ်တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုသို့ မြေအက်ကွဲမှုများကြောင့် ပြည်သူနေအိမ် (၁၁) အိမ် မဖြစ်မနေ ပြောင်းရွှေ့ ခဲ့ရကြောင်း သိရသည်။

“မြေတွေ အက်လာတာတွေ၊ ရေတွေ နှောက်ကျိလာတာကတော့ မဖြစ်စဖူး ဖြစ်လာတာပေါ့၊ ဒီအနားနားက ကျေးရွာတွေ ပြောင်းနေရတာတွေလည်း ရှိတယ်။ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် တခြားရွာကလည်း ထပ် ပြောင်းရမှာ ဖြစ်လာနိုင်တယ်။ ချောင်းရေ၊ လယ်မြေတွေလည်း ရှားလာတာပေါ့” ဟု ဒေသခံတစ်ဦးက ပြော သည်။

တန့်ယန်းမြို့နယ်အတွင်းတွင် ကျောက်မီးသွေးကုမ္ပဏီ၊ ရာဘာကုမ္ပဏီများမှ ရပ်ရွာများ၊ လယ်ယာမြေများ အနီး အား အဓမ္မ သိမ်းပိုက် ဝယ်ယူခြင်းများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဒေသခံများ လုပ်ကိုင်လျက်ရှိသော မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် သောက်သုံးရေအတွက် အားကိုး အားထားရသည့် ရေထွက်ဦးများ ဖျက်ဆီးခံနေသည့် ပြဿနာများ ဖြစ်နေသေည်မှာ ၁၀ စု နှစ်ချီ ရှိလာပြီ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...
April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...