စစ်ကောင်စီလေယာဥ်ပျံသန်းနေမှုကြောင့် ရေးဒေသခံများ စိုးရိမ်ကြောက်ရွံ့နေကြ

စစ်ကောင်စီလေယာဥ်ပျံသန်းနေမှုကြောင့် ရေးဒေသခံများ စိုးရိမ်ကြောက်ရွံ့နေကြ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လှုပ်ရှားမှုအားကောင်းပြီး ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားနေသည့် ရေးမြို့ နယ်အတွင်းသို့ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လေယာဥ်ပျံသန်းနေသည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။

စစ်လေယာဉ်မှ ရေးမြို့နယ်ထဲ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို ဒေသခံများက  စိုးရိမ်ကြောက်ရွံ့နေကြ ခြင်း ဖြစ်သည်။

“ဒီတလော စစ်လေယာဥ်တွေ ပျံသန်းနေတော့ လေယာဥ်နဲ့ ဗုံးလာကြဲမှာလား။ ဘယ်အချိန်မှာ ဗုံးကြဲချမလဲ ဆို ပြီး ထိတ်လန့် ကြောက်ရွံ့နေကြရတယ်။ ဒီဘက်မှာက ပစ်ခတ်မှုတွေကလည်း ခဏခဏဖြစ်နေတယ်ဆိုတော့ လေ” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

မေလ ၆ ရက်နေ့ နောက်ပိုင်းတွင် ရေးမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများထဲသို့ စစ်ကောင်စီ၏ လေ ယာဥ်ပျံသန်းမှု နေ့စဥ်လိုလို ရှိလာနေသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၇ ရက်၊ ၈ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ရေးမြောက်ပိုင်း၊ ဘဲလမုကျေးရွာအုပ်စု၊ ဝါပသဲကျေးရွာ နှင့် ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စခန်းကို စစ်ကောင်စီက လေယာဥ်ဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ရေးမြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စု၊ ဝါပသဲကျေးရွာနှင့် PDF စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း PDF ဘက်က ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PDF ဘက်က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝါပသဲကျေးရွာခံ ပြည်သူအချို့ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြသည့်အပြင် နေအိမ်အဆောက်အအုံ အချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရေးမြို့နယ် မြောက်ပိုင်းဒေသရှိ ကျေးရွာများမှ ရာနှင့်ချီသော ဒေသခံ များကလည်း ဘေးလွတ်နိုင်မည်ဟု ယူဆရသော နေရာများဆီသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ်...
August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...