မိုခါမုန်တိုင်းကြောင့် လိုင်လင်းပီမြို့က ချင်းပြည်နယ်ထဲ ထိခိုက်ပျက်စီးမှု အများဆုံးမြို့ဖြစ်

မိုခါမုန်တိုင်းကြောင့် လိုင်လင်းပီမြို့က ချင်းပြည်နယ်ထဲ ထိခိုက်ပျက်စီးမှု အများဆုံးမြို့ဖြစ်

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင်၊ လိုင်လင်းပီမြို့က အိမ်ခြေ ၁၁၇ ထိခိုက် ပျက်စီးခဲ့ပြီး ကျန်တဲ့မြို့နယ်တွေမှာလည်း ထိခိုက်ပျက်စီးတာမျိုးတွေ ရှိတယ်လို့ စစ်ကောင်စီခန့် ချင်းပြည်နယ် ဝန်ကြီး ဦးကျော်ငြိမ်းက ပြောပါတယ်။

ချင်းပြည်နယ်ကဝန်ကြီး ဦးကျော်ငြိမ်းက “လိုင်လင်းပီမှာ အိမ်ခြေ ၁၁၇ ထိခိုက်တယ်။ မတူပီမှာလည်း နှစ်လုံး သုံးလုံးလောက် ထိခိုက်တယ်။ ဟားခါးမှာ နှစ်လုံးထိခိုက်တယ်။ ဒီထိခိုက်ပျက်စီးတာတွေနဲ့ ပက်သက်လို့  ကျနော်တို့က တစ်မြို့နယ်ကို သိန်းသုံးရာဆီ ကြိုတင်ပေးထားတာမျိုးရှိတယ်” လို့ပြောပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ဆမီးမြို့ကြားကနေ မနေ့ညပိုင်းက ဖြတ်သန်းသွားခဲ့တာကြောင့် ဆမီးမြို့နယ်မှာ မိုးကြီး၊ လေပြင်းတိုက်၊ မြေပြိုတာတွေ ဆက်တိုက် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝဒေသခံ တစ်ဦးက “ကျနော်တို့ ပလက်ဝဘက်မှာတော့ ဘာမှ သိပ်မဖြစ်ဘူး ပလက်ဝမှာ ဖုန်းလိုင်း ပျက် သွားတာလောက်ပဲ ဖြစ်သွားတယ်။ မုန်တိုင်းက ပလက်ဝနဲ့ ဆမီးကြားကို ဖြတ်သွားတာဆိုတော့ လူနေအိမ် ထိ ခိုက်တာမျိုးတော့ မရှိဘူး။ ဒါပေမယ့် အခုချိန်ထိ မိုးများနေတုန်းဖြစ်တယ်” လို့ ပြောပါတယ်။

အားအလွန်ကောင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းဒေသ၊ စစ်တွေမြို့ကနေ ဝင်ရောက် တိုက် ခိုက်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ မြေပြို တာတွေ၊  ဖုန်းလိုင်းအဆက်သွယ်တွေ ပြတ်တောက် ဒီကနေ့ မနက်အထိ ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံကို ဗဟိုပြုပြီး မေလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့ အထိ တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်း ကြောင့် ချင်းပြည်နယ်အတွင်း လူနေအိမ် ၄၅၂ လုံး ပျက်စီးကြောင်း သိရပြီး မတူပီမြို့နယ်မှာလည်း ကျန်းမာရေး ဆိုင်ရာ ဆေးဝါးများနဲ့ အစားအသောက် ပြတ်လပ်နိုင်မှုများအတွက် Emergency Response Team ဖြစ်တဲ့ Chin Health Organization အဖွဲ့အစည်းက အချိန်နဲ့ တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်လျှက်ရှိကြောင်း၊ အခြားမိတ်ဖက်အဖွဲ့အစည်းများနဲ့လည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ မေလ ၁၄ ရက်နေ့အထိ Carson Hall တွင် လူ ၃၀၀ ကျော်နဲ့ HBC Office (Strait Hall) မှာ အယာက် ၁၂၀ ကျော် ပြောင်းရွှေ့ခဲ့ရပြီး ဟားခါးမြို့နယ် Sakta ကျေးရွာက အိမ်ခြေ အလုံး ၃၀၊ ဖလမ်းမြို့နယ်မှာ အိမ်ခြေ ၃၄ လုံး၊ မတူပီမြို့နယ်မှာ အိမ်ခြေ ၂၅၈ လုံး၊ မင်းတပ်မြို့နယ်မှာ အိမ်ခြေ ၃၀ ကျော်၊ Lailenpi မြို့က အိမ်ခြေ ၁၀၀ ကျော် ပျက်စီးတယ်လို့လည်း ဆိုပါတယ်။

အခုထိ လူအသေအပျောက် သတင်းမရှိသေးကြောင်းနဲ့ Chin Health Organization (CHO) အနေနဲ့ မုန်တိုင်းပြီး ချိန်နောက်ပိုင်း ကျန်းမာရေးကိစ္စ၊ ရေ၊ အစားအသောက်နှင့် ဆေး၀ါး ပြဿနာများအတွက် ဆက်လက် စောင့် ရှောက်မှု ပေးနိုင်ရန် ဆောင်ရွက်နေပါကြောင်း CHO က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...