ဖမ်းဆီးခံရသည့် KNU ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ ညီနှင့်တူတို့ ပြန်လည်လွတ်မြောက်

ဖမ်းဆီးခံရသည့် KNU ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ ညီနှင့်တူတို့ ပြန်လည်လွတ်မြောက်

KNU - ကရင်အမျိုးသား အစည်းအရုံး ဒု-ဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ ညီနှင့်တူဖြစ်သူတို့ ဖမ်းဆီးခံရပြီးနောက် ပြန် လွတ်လာခဲ့သည်။

KNU ညောင်လေးပင်ခရိုင် (ခလယ်လွီထူး) ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကြောင်းထိုး ဝင်ရောက် လာသော စစ်ကောင်စီတပ်က မေလ ၁၄ ရက်နေ့တွင် နတ်သံ ကွင်းကျေးရွာအုပ်၊ ရေတွင်းကုန်းကြီးကျေးရွာနေ ကေအဲန်ယူ ဒုဥက္ကဋ္ဌ ပဒိုဆဲဂေ၏ ညီနှင့်တူ ဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ယခု ပြန်လည် လွတ် မြောက်လာခဲ့ခြင်း ဖြစ်သည်။

စစ်ကြောင်း ထိုးဝင်ရောက်လာသည့် အဆိုပါ စစ်ကောင်စီတပ်များသည် ရေတွင်းကုန်းကြီးရွာတွင် နေထိုင်ကြ သည့် ပဒိုစောဆဲဂေ၏ ညီအရင်း စောသာဂေနှင့် ၎င်း၏သားဖြစ်သူ စောပန်းချိုတို့အား ယမန်နေ့ ညနေ ၅ နာရီ အချိန် ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး ထိုနေ့ညပိုင်း အချိန်တွင် ပြန်လည်လွတ်မြောက်လာခဲ့ သည် ဟု ကျောက်ကြီး ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “စစ်ကြောင်းတွေရွာထဲဝင်လာတော့ သူတို့သားအဖနှစ်ဦးကို နေအိမ်မှာပဲ ဖမ်းဆီးခေါ်သွားတယ်။ ညနေ ပိုင်းရောက်တော့ လမ်းတစ်ဝက်လောက်မှာ ပြန်လွှတ်ပေးလိုက်တယ်။ သူတို့လာတော့ ရွာသားတွေလည်း ကြောက်လို့ ထွက်ပြေးကြတာပေါ့။ လက်နက်ကြီးတွေလည်း နေ့တိုင်းလှမ်းထုတယ်” ဟု ယနေ့ မေလ ၁၅ ရက်တွင် ကေအိုင်စီသို့ပြောသည်။

တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်းအမှတ် ခမရ ၆ဝ၊ ၃၅၁၊ ၄၃၉ နှင့် အခြား ပူးပေါင်း တပ်ဖွဲ့တို့သည် KNU အုပ်ချုပ်ရေးနယ်မြေများဖြစ်သည့် ကျောက်ကြီးမြို့နယ် ကျေးရွာများထဲသို့ လက်နက်ကြီး များဖြင့် နေ့စဉ်လိုလို လှမ်းပစ်ခတ်မှု လုပ်ဆောင်သောကြောင့် ဒေသခံရွာသား အများအပြားလည်း အသက်ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့တွင်လည်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် ညောင်ပင်သာရွာထဲကို စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ကျေးရွာရှိ ကလေးငယ် ၄ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့် အခြားဒေသခံ စုစုပေါင်း ၂ဝ ဦးအား ဖမ်းဆီးပြီး အစုလိုက်ပြုံလိုက် မီးရှို့သတ်ဖြတ်မှု လုပ်ဆောင်ခဲ့သေးသည် ဟု KNU နှင့် အရပ် ဖက် ကရင်အဖွဲ့အစည်းများက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...
ဓာတ်ပုံ - CJ
August 27, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူး-မင်းလက်ပံဒေသတွင် စစ်အုပ်စုတပ်နှင့်...
August 26, 2026
ကရင်အမျိုးသားအစည်းအရုံး - KNU၊ တပ်မဟာ (၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို (သရက်ချောင်း) မြို့နယ်...
ဓာတ်ပုံ - CJ
August 26, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတနှင့် လေးမျက်နှာမြို့နယ်အစပ် တလုတ်ထော်မြို့ဘက်သို့...