မော်လမြိုင်တွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၆ ဦးကို လဝကဥပဒေဖြင့် အမှုဖွင့်

မော်လမြိုင်တွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၆ ဦးကို လဝကဥပဒေဖြင့် အမှုဖွင့်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် အထောက်အထားမဲ့ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များ ထံမှ သိရသည်။

မေလ ၇ ရက်နေ့၊ နေ့လည်ပိုင်းက သံလွင်တံတား(မော်လမြိုင်) စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် တရုတ်နိုင်ငံ သား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးနှင့်အတူ မြန်မာယာဉ်မောင်း အမျိုးသား ၁ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောသည်။

“တရုတ်နိုင်ငံသား ၆ ဦး ဖမ်းမိတယ်ဆိုတာ ဟုတ်ပါတယ်။ တံတားစစ်ဆေးရေးအဖွဲ့က ကားတွေစစ်ဆေးနေ တုန်း ဖမ်းဆီးရမိတာ။ ပတ်စပို့တို့ ဗီဇာအထောက်အထား မပါဘူး။ သူတို့ကို လိုက်ပို့ပေးတဲ့ ယာဉ်မောင်း ၁ ဦး အပါအ ဝင် ၇ ဦးကို ဒိုင်းဝန်းကွင်းရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံသားများမှာ ကရင်ပြည်နယ်၊ မြဝတီမြို့မှ မော်လမြိုင်မြို့သို့ ဝင်ရောက်ကာ မုတ္တမမြို့ဘက်သို့ သွား ရောက်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါနီးစပ်သူက ဆက်ပြောသည်။

ယခုဖမ်းဆီးခံထားရသည့် တရုတ်နိုင်ငံသားများအား မြန်မာပြည်ထဲသို့ အထောက်အထားမဲ့ ဝင်ရောက် ခရီးသွား မှုကြောင့် လဝက အက်ဥပဒေပုဒ်မ ၁၃-၁ ဖြင့် အမှုဖွင့်ထားပြီး၊ ယာဉ်မောင်းဖြစ်သူကို တရားမဝင် နိုင်ငံခြားသား များအား ကူညီပေးမှု ဥပဒေပုဒ်မ ၁၃-၅ ဖြင့် ဒိုင်းဝန်းကွင်း ရဲစခန်း၌ အမှုဖွင့်လှစ်ထားသည်။

“တရုတ်နိုင်ငံသား ၆ ဦးကို လဝကအက်ဥပဒေ ၁၃-၁ နဲ့ အမှုဖွင့်ထားတယ်။ ယာဉ်မောင်းကောင်လေးကိုတော့ အက်ဥပဒေ ၁၃-၅ နဲ့ အမှုဖွင့်ထားပါတယ်” ဟု မော်လမြိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် မေလအထိ အထောက်အထားမဲ့ ဝင်ရောက်သူ တရုတ် နိုင်ငံသား ၃၀ ဦး ထက်မနည်းရှိခဲ့ပြီး လဝက အက်ဥပဒေဖြင့် တရားစွဲကာ သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်ဒဏ် ပေးခဲ့ပြီး ဖြစ်သည်ဟု မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနှင့် နီးစပ်သူများက ပြောသည်။

August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...
August 28, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀ ကျော်...
ဓာတ်ပုံ - Crd
August 27, 2026
စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ်...