စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀,၀၀၀ နီးပါးကို ချေမှုန်းနိုင်ခဲ့တယ်လို့ NUG ပြော

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀,၀၀၀ နီးပါးကို ချေမှုန်းနိုင်ခဲ့တယ်လို့ NUG ပြော
Social Media
Social Media

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စတဲ့ ဖွဲ့စည်းတဲ့ ၂ နှစ်ပြည့်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အင် အား ခန့်မှန်း ၃၀,၀၀၀ နီးပါးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ၁၀၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိစေခဲ့တယ်လို့  NUG အစိုးရက ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မေလ ၃ ရက်နေ့က ထုတ်ပြန်တဲ့ “အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်း ခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း” အစီရင်ခံစာမှာ အခုလို ထုတ်ပြန်ထားပါတယ်။

တစ်နိုင်ငံလုံးမှာလည်း PDF တပ်ရင်းနဲ့ စစ်ကြောင်း စုစုပေါင်း ၃၀၀ ကျော် ၊ ရပ်ရွာအခြေပြု ပြည်သူ့ ကာကွယ် ရေးအဖွဲ့ (ပကဖ)တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်ကို စနစ်တကျဖွဲ့စည်းတည်ထောင်ထားပြီး စစ်ကောင်စီထက် သာလွန်အင်အားဖြစ်အောင် တည်ဆောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ်အတွင်း စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ရဲ ၁၃,၀၀၀ ကျော် ပြည်သူ့ ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ NUG ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် NUG အနေနဲ့လည်း မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အတူပူးပေါင်းကာ ဗဟိုကွပ်ကဲ ရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C)၊ ပူးပေါင်းညှိနှိုင်းရေးကော်မတီ (J2C) တို့ကို စုဖွဲ့လုပ်ဆောင်လျက်ရှိ တယ်လို့ ထုတ်ပြန်ထားပါတယ်။

NUG အစိုးရသက်တမ်း ၂ နှစ်တာကာလအတွင်း မဟာမိတ် ERO တွေနဲ့ ခုခံတော်လှန်စစ် ပူးပေါင်းဆောင်ရွက်မှု တွေကနေ တဆင့် စနစ်ကျသော ထိန်းချုပ်ကွပ်ကဲမှု စနစ်တစ်ခုအောက်မှာ စစ်ဆင်ရေးနယ်မြေအလိုက် Chain of Command တည်ဆောက်မှုတွေကို ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

စစ်မဟာဗျူဟာအရ ခံစစ်နဲ့စတင်ခဲ့ရတဲ့ ပြည်သူ့ခုခံတော်လှန်စစ်ဟာ အခုအခါ တန်ပြန်ထိုးစစ်အကြိုကာလသို့ အပြည့်အဝရောက်ရှိခဲ့ပြီဖြစ်သလို နောက်ဆုံးအဆင့်ဖြစ်တဲ့ စစ်မဟာဗျူဟာအရ တန်ပြန် ထိုးစစ်ကာလသို့ ဆက်လက် တက်လှမ်းနိုင်ရေးအတွက် မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်း ရှာဖွေတပ်ဆင်မှုကို အားစိုက် ဆောင်ရွက်လျက်ရှိတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...
August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...
August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...