ကျိုက်ထိုတွင် ထိုင်းကုန်ပစ္စည်း သိုလှောင်ရုံများကို စစ်အုပ်စုတပ် ဝင်စီး

ကျိုက်ထိုတွင် ထိုင်းကုန်ပစ္စည်း သိုလှောင်ရုံများကို စစ်အုပ်စုတပ် ဝင်စီး

မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း သိုလှောင်ရုံများကို စစ်အုပ်စု တပ်က ဝင်ရောက်စီးနင်းပြီးနောက် ကျပ်သိန်းပေါင်း မြောက်မြားစွာ တန်ဖိုးရှိသည့် ကုန်ပစ္စည်းများကို သိမ်းယူ သွားကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်စုတပ်သည် ဩဂုတ်လ ၂၆ ရက်နေ့က ခလွန်ကျေးရွာရှိ ထိုင်းကုန်ပစ္စည်း သိုလှောင်ရုံတစ်ခုကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ ကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများကို သိမ်းယူ သွားခဲ့သည်။

ထို့ပြင် ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ခလွန်ကျေးရွာရှိ ဦးညီမင်း ပိုင်ဆိုင်သည့် ထိုင်းကုန်ပစ္စည်း သိုလှောင်ရုံကို ထပ်မံဝင်ရောက်စီးနင်းပြီး ကျပ်သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများကို ထပ်မံသိမ်းဆည်းခဲ့ သည်။

သိမ်းဆည်းခံရသည့် ကုန်ပစ္စည်းများတွင် မော်တော်ယာဉ် အပိုပစ္စည်းများ၊ ဖုန်းဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်နှင့် လူသုံးကုန်ပစ္စည်းများအပြင် အခြေခံစားသောက်ကုန်များအထိ ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်စုတပ်နှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိမ်းဆည်းသွားသည့် ကုန်ပစ္စည်းအချို့မှာ လမ်းခရီး၌ ပျောက်ဆုံးမှုများ ရှိနေပြီး အများစုကို ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်ရင်းများထံ သယ်ဆောင်သွားသည်။

ထိုင်းကုန်ပစ္စည်း သိုလှောင်ရုံများကို ဝင်ရောက်စီးနင်းခြင်းမှာ ဩဂုတ်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် မွန်ပြည် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်အုပ်စုသည် ထိုင်းကုန်ပစ္စည်းများကို တရားမဝင် ကုန်ပစ္စည်းအကြောင်းပြချက်ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်နေ သဖြင့် ပြည်သူများမှာ ထိုင်းကုန်ပစ္စည်းများကို ဈေးနှုန်းအဆမတန် ပေးဝယ်နေရသည်။

အခြားတစ်ဖက်တွင်လည်း စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ကိုယ်တိုင် တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်နေပြီး လစဉ် ကျပ်သိန်းပေါင်း ထောင်ဂဏန်းအထိ ကိုယ်ကျိုးစီးပွား ရှာဖွေလျက်ရှိသည်။

ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...