မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့က CDM ပညာရေးဝန်ထမ်းများအတွက် CDM ကတ်များစတင်ထုတ်ပေး

မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့က CDM ပညာရေးဝန်ထမ်းများအတွက် CDM ကတ်များစတင်ထုတ်ပေး

ချင်းပြည်နယ်၊ မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့က CDM ပညာရေးဝန်ထမ်းများကို အသိအမှတ်ပြုကတ်များ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားသည်။

ထိုကတ်ဖြင့် CDF ထိန်းချုပ်နယ်မြေအတွင်း ခရီးသွားလာခွင့် လွယ်ကူချောမွေ့စေရန်နှင့် Non-CDM ပညာရေး ပပျောက်သွားစေရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကတ်များကို တစ်ဦးချင်း၏ သတ်မှတ် ကုဒ် နံပါတ်များဖြင့် ထုတ်ပေးမည် ဖြစ်ပြီး ကြားကာလ နှင့် တော် လှန်ရေးအလွန်ကာလတွင် အထောက်အထားဖြစ်စေရန် ရည်ရွယ်ပြီး ပြည်တွင်းရှိ ဘုတ်အဖွဲ့ရုံးတွင် လည်း ကောင်း၊ ပြည်ပ ရုံးခွဲ( မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့)တွင် လည်းကောင်း ထုတ်ယူနိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့ ၏ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ကောက်ယူရရှိထားသည့် စာရင်းအရ မတူပီတစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကျောင်းပေါင်း ၁၄၇ ကျောင်း၊ သင်ကြားရေးအတွက် CDM ပညာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းစုစုပေါင်း - ၉၃၇ ဦး၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသားဦးရေ စုစုပေါင်း - ၉၉၂၈ ဦး ရှိပြီး ချင်းပြည်နယ် အတိုင်းအတာဖြင့် ၁၁.၄ ရာခိုင်နှုန်းရှိသည်ဟုလည်းသိရသည်။

လက်ရှိအချိန်တွင် ကျောင်းသူ၊ကျောင်းသား အများစုသည် ၎င်းတို့နေရင်းကျေးရွာရှိ အဆောက်အအုံ သို့မဟုတ် အိမ်များတွင် CDM ပညာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများ၏ သင်ကြားမှုဖြင့် ပညာဆက်လက် သင်ယူနေ ပြီး အချို့ကျေးရွာများတွင် နှစ်လခန့် အထိ စစ်ဘေးရှောင်ရင်း မိုးထဲ၊လေထဲ၊ တောတောင်ထဲတွင် စာသင်ယူနေ ကြရသည်။

ယခင်အစိုးရလက်ထက်က သင်ရိုးညွန်းတန်းစာအုပ်များကို အသုံးပြုနေပြီး စာမေးပွဲစစ်သည့်စနစ်သည် အမျိုး သားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန၏ စစ်ဆေးရေးစနစ်သစ် အသုံးပြုကြောင်းသိရသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...