သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ၂၀၂၃ခုနှစ်အတွက် “ပြည်သူ့ဂုဏ်ရည်”ဆု ချီးမြှင့်

သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ၂၀၂၃ခုနှစ်အတွက် “ပြည်သူ့ဂုဏ်ရည်”ဆု ချီးမြှင့်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ( ၁၄ ) ကြိမ်မြောက် "ပြည်သူ့ဂုဏ်ရည်ဆု” ဂုဏ်ပြုချီးမြှင့်ကြောင် မေလ ၇ ရက်တွင် Citizen of Burma Award ပြည်သူ့ ဂုဏ်ရည် အသင်းက ထုတ်ပြန်ထားသည်။

“နွေဦးတော်လှန်ရေး၏ စ ဦး တိုက်ပွဲဖြစ်သည့် အဓမ္မ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြကုန်သော ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုခြင်း အထိမ်းအမှတ် အဖြစ် ကမ္ဘာ့အလယ်တွင် CDMလှုပ်ရှားသူတို့အား ဦး ဆောင်ကိုယ်စားပြုခဲ့သူ၊ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်းအား “ပြည်သူ့ဂုဏ်ရည်ဆု” ဖြင့် ဂုဏ်ပြု ချီးမြှင့်လိုက်ကြောင်း ကြေညာအပ်ပါသည်" ဟု Citizen of Burma Award က ထုတ်ပြန်ထားသည်။

အဆိုပါ "ပြည်သူ့ဂုဏ်ရည်ဆု"သည် ၂၀၁၀ ခုနှစ်မှစတင်ကာ နှစ်စဉ် ချီးမြှင့်နေသော ဆုဖြစ်ပြီး မြန်မာ့ လူ့အဖွဲ့ အစည်းအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်နေသူများအား ပြည်ပရောက်မြန်မာများစုဖွဲ့ထားသော Citizen of Burma Award ပြည်သူ့ဂုဏ်ရည်အသင်းက ပေးအပ်သောဆုဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နွေဦးတော်လှန်ရေး ကာလတလျောက် မြန်မာ ပြည်သူတို့၏ အသံကို နိုင်ငံတကာ စင်မြင့်ထက်တွင် ထင်ဟပ်စေရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် ကြိုးပမ်းနေကြသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးခဲ့ သော သံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် ပြည်သူ့ဘက်တော်သား သူရဲကောင်းတို့ကို သမိုင်းမော်ကွန်းတင် ဂုဏ်ပြုအပ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ဂုဏ်ရည်အသင်းက ပေးအပ်သော ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆုကို ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ က ရရှိခဲ့ပြီး အဆိုပါဆုသည် လူမှုအကျိုးပြုလုပ်ငန်း လုပ်ကိုင်သူများနှင့် လူမှုရေးအသင်းအဖွဲ့များ အားရည်ရွယ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ကပ်ရောဂါဖြစ်ပွားနေသော ၂၀၂၀ ခုနှစ်တွင်လည်း COVID-19 ကူး စက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကိစ္စတွင် စွမ်းစွမ်းတမံအနစ်နာခံဆောင်ရွက်ခဲ့ကြသူများအား ဆုချီးမြှင့် ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈,၅၈၂ ဒေါ်လာ၊ မြန်မာကျပ်ငွေ ၄၀၃ သိန်းကျပ်တိတိကို COVID-19 ရောဂါထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယခု (၁၄) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားအား အမေရိကန်နိုင်ငံ လောစ်အိန်ဂျယ်လိစ် ဌာနခွဲမှ တာဝန်ယူကာ မေလ ၂၁ ရက် ၂၀၂၃ ခုနှစ်တွင် အမေရိကန် နိုင်ငံ Performing Arts Center of Baldwin Park, 4640 Maine Ave, Baldwin Park, CA 91706 ၌ ကျင်းပသွားမည်ဟု သိရသည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...