လွိုင်ကော် – မိုးဗြဲ နယ်စပ်မှာ ခရီးသည်တင်ယာဉ် ၃ စီး ပစ်ခတ်ခံရ

လွိုင်ကော် – မိုးဗြဲ နယ်စပ်မှာ ခရီးသည်တင်ယာဉ် ၃ စီး ပစ်ခတ်ခံရ

လွိုင်ကော်-ရန်ကုန်ပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ် ရွှေကန္ဒရီ၊ ရွှေရာဇာ၊ သိန်းသန်းကုဋေ ယာဉ်လိုင်းတွေဟာ လွိုင်ကော် – မိုးဗြဲ နယ်စပ်ဖြစ်တဲ့ ကုန်းသာကျေးရွာနဲ့ ဝါရီကောခူကျေးရွာမှာ ပစ်ခတ်ခံရတယ်လို့ ကားမောင်းသမားတွေဆီကနေ သိရပါတယ်။

“ကျနော်တို့ကားက ဒီနောက်ဆုံးမှ ထွက်သွားတာပေါ့နော။ ကျနော်တို့ကားက ကုန်းသာ ရှေ့မှာ တခြားကားတွေပြန်လှည့်တဲ့အချိန် ကျနော်တို့လည်း ပြန်လည့်တဲ့အချိန်မှာ ဒီကုန်းသာ ကုန်းဆင်းမှာ ပြန်လှည့်တဲ့အချိန်မှာ အပစ်ခံရတာ။ ကားရှေ့မှန်ကြီးတော့ တစ်ချက်ထိတယ်ဗျ။ နောက်ပြီး ဒါရိုက်ဘာဘေးကမှန်ငယ် ကွဲသွားတယ်ဗျ။ ပြီးတော့ ကားဘော်ဒီ ထိသွားတယ်ဗျ။ ကားပြန်လှည့်တဲ့အချိန်ပစ်တာ။” လို့ ကားပစ်ခတ်ခံရတဲ့ ကားမောင်းသမားတစ်ဦး က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့ မနက် ၁၁နာရီ ၄၅ မိနစ်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ကားပေါ်ပါလာတဲ့ ခရီးသည်တွေ ထိခိုက်မှုမရှိပေမယ့် ကားမှန်တွေတော့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

လွိုင်ကော်ကနေ ရန်ကုန်သွားဖို့ ဝါရီကောခူကျေးရွာအရောက်မှာ မိုးဗြဲမြို့တွင်း ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတဲ့အတွက် ကားပြန်လှည့်တဲ့အချိန်မှာ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

ဒီလိုခရီးသည်တင်ယာဉ်လိုင်းပစ်ခတ်ခံရတာ ပထမဆုံးဖြစ်ပြီး မည်သူမည်ဝါက ပစ်ခတ်သွားတာကို တိတိကျကျမသိရပေမယ့် ပစ်ခတ်ခံရတဲ့အတွက် ခရီးသည်တွေကော ကားမောင်းသမားတွေပါ စိုးရိမ််ထိတ်လန့်နေကြတယ်လို့ အဆိုပါ ကားသမားက ပြောပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...