ဖယ်ခုံအရှေ့ဘက်ခြမ်းမှာ လက်နက်ကြီးထိပြီး ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ

ဖယ်ခုံအရှေ့ဘက်ခြမ်းမှာ လက်နက်ကြီးထိပြီး ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ

ဖယ်ခုံအရှေ့ဘက်ခြမ်း ငါးမူးကျေးရွာနဲ့ ညောင်မွန်းကျေးရွာမှာ ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အနီးအနားကျေးရွာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီအချိန် ကျနော်အဲဒီအနီးအနားမှာပဲ ကျနော်နေတာ။ ဘာဖြစ်လို့လဲဆိုရင် သူတို့က အလုပ်လုပ်တာ အလုပ်လုပ်ပြီးတော့ သူတို့အဖွဲ့လိုက် သုံးယောက်လေးယောက်စကားပြောနေကြတာ။ သူတို့ခါးရည်သောက်ပြီးတော့မှ သူတို့အဲမှာစကားပြော လက်နက်ကြီးက ဘေးကနေ တက်လာမှန်းမသိ ပထမဆုံးတစ်ချက်ကို သူတို့မိတယ်လေ။ လက်နက်ကြီးက ၈ ချက်ပစ်တယ်လေ။ အဲဒီ ၈ ချက်ထဲမှာ ပထမဆုံး သူတို့အိမ်ခေါင်မိုးပေါ်ဝင်ပြီးတော့မှ သူတို့နေတဲ့ အိမ်ထဲတည့်တည့်ဝင်ပြီးတော့မှ ထိသွားတာပေါ့။ သူတို့ လေးယောက်လုံးကို ထိသွားတာပေါ့။ တခြားအလုံးတွေက အဲဒီနံဘေးမှာပဲ အဲဒီရွာထဲကို အကုန်ကျသွားတာ အဲဒီမှာ တစ်ယောက်က လူငယ်ပဲ အသက်က ၂၂ သူက ဆိုင်ကယ်စီးရင်းနဲ့ ဆိုင်ကယ် ခဏဟုန့်ထားတော့ အဲဒီမှာ လက်နက်ကြီးက သူ့နားမှာကျလာတယ်။ ရှပ်ထိလောက်ပဲပေါ့။ အဲဒီတစ်ယောက် မစိုးရိမ်ရဘူး။ ကျန်တဲ့ လေးယောက်စလုံးက ကျနော်တို့ ဒီရက် ဟိုးလွိုင်ကော်ကို ပို့ရတယ်ပေါ့နော။” လို့ အဆိုပါ ဒေသခံက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်မှာ ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီးနဲ့ ၈ လုံးခန့် ပစ်ခတ်လာတာဖြစ်တယ်လို့ သိရပါတယ်။ နေအိမ် တစ်လုံးထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အသေးအမွှားပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကျေးရွာမှာ ယခင်က လက်နက်ကြီး ကျရောက်ဖူးတဲ့အတွက် ဒေသခံတွေ မနေထိုင်ရဲတော့ပဲ အလုပ်ပြန်လုပ်မယ့် သူတွေသာ ပြန်လာတာမျိုးတွေရှိတယ်လို့ သိရပါတယ်။

“တိုက်ပွဲရှိပြီးတော့ သူတို့ လက်နက်ကြီးပစ်တာက တစ်ကဏ္ဍပေါ့နော။ ဒါကတော့ ပစ်ရင်လည်း ဘားမှတော့ မဖြစ်ပါဘူး။ အခုက တိုက်ပွဲလည်းမရှိဘူး ပြည်သူတွေကလည်း စစ်ရှောင်တာက ကြာပြီ သူတို့ရွာကို ပြန်ပြီးတော့ အလုပ်လုပ်တဲ့လူတွေ ဒါတောင်မှ မိန်းကလေးတွေ မပါသေးဘူးပေါ့နော။ ယောကျာ်းလေးတွေပဲ အလုပ်လုပ်တဲ့အချိန်မှာ လက်နက်မရှိတဲ့ ပြည်သူတွေကို ဘာအသံမှမကြားဘူး။ ဘာလက်နက်ငယ်အသံမှမကြားပဲနဲ့ လက်နက်ကြီး ရမ်းသမ်းပစ်လာတာတော့ လုံးဝကို ဟိုစာပေါ့နော။ တမင်သက်သက်ပြည်သူလူထုကို တမင်သက်သက်ပစ်တာတော့ မဟုတ်သေးပါဘူး။ ဒီထဲမှာတော့ ဘယ်သူ့မှ မရှိဘူး ပြည်သူတွေပဲ ရှိတာ သူတို့ သိပါတယ်။ အဲဒါတမင်သက်သက် ထုတာပဲပေါ့။ ဒါက ပြည်သူတစ်ယောက်အနေနဲ့ လုံးဝကို စိတ်မကောင်းဘူးပေါ့။ ဘာလို့လဲဆိုရင်လည်း ပြည်သူတစ်ယောက်အနေနဲ့ ကျနော်တို့ လုံခြုံမှုတွေက မရှိဘူးပေါ့နော။” လို့ အဲဒီအနီးအနားမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ယမန်နေ့ ဧပြီလ ၂၆ရက်နေ့မှာ မိုးဗြဲမြို့ ညောင်းဝိုင်းရပ်ကွက်အတွင်း ကင်းပုန်းရှိနေတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှု များခဲ့ပါတယ်။

ကရင်နီပြည်မှာ ဧပြီလ ၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့ အချက်အလက်အရ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၁၃ ဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...