ညောင်းဝိုင်းတိုက်ပွဲမှာ စစ်ကောင််စီ ၁၅ ဦးသေဆုံး၊ သုံ့ပန်း ၂ ဦး ဖမ်းမိ

ညောင်းဝိုင်းတိုက်ပွဲမှာ စစ်ကောင််စီ ၁၅ ဦးသေဆုံး၊ သုံ့ပန်း ၂ ဦး ဖမ်းမိ

ယနေ့ ( ဧပြီလ ၂၆ ရက်နေ့ ) မနက်ပိုင်းမှာ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးကာ သုံ့ပန်း ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ရင်း ( ၁ ) တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

“မနက် ၆ နာရီ စပေါ့နော။ မနက်စောဆိုတော့ မနက် ၄ နာရီကစ ပေါ့နော။ ၁၀ နာရီအထိ အဲဒီတိုက်ပွဲထဲမှာတော့ စစ်ကောင်စီမှာ အဲဒီမှာရှိတဲ့လူ ညောင်ဝိုင်းမှာရှိတဲ့ စစ်ကောင်စီ ၁၅ ယောက် ၁၆ ယောက်လုံး အကုန်သေသွားတယ်ပေါ့နော။ လက်နက်လည်း အကုန်သိမ်းရတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

မနက် ၄ နာရီကနေ ၁၀ ရီအထိ ၆ နာရီနီးပါးဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ နှစ်ကြိမ်လာရောက်ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ လေကြောင်းနဲ့ ပစ်ခတ်တဲ့အတွက် လူထိခိုက်မှု မရှိပေမယ့် နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲဒီရပ်ကွက်အတွင်း လက်ရှိမှာ ဒေသခံတွေ နေထိုင်တာမျိုးမရှိတော့ပဲ စစ်ကောင်စီတပ်က ကင်းပုန်းချပြီးနေထိုင်လာတာ သုံးလဝန်းကျင် ရှိနေပြီလို့ သိရပါတယ်။

KNDF ဖယ်ခုံဇုန် ကနေလည်း ဒီကနေ့ မနက်ပိုင်းမှာ မိုးဗြဲ-ဖယ်ခုံလမ်းမတစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ အသိပေးထုတ်ပြန်ထားတာ ရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှု များပြားကာ ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ခဲယမ်းတွေ ရရှိကြပါတယ်။ စစ်ကောင်စီတပ်ကနေပြီးတော့ လေကြောင်းအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နေရာတွေကိုပါ ပစ်ခတ်တိုက်ခိုက်လာတာတွေ ရှိနေပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...