စစ်ကောင်စီ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမှု ထပ်မံကန့်သတ်မှုအပေါ် ပြည်ပရောက် ကျောင်းသားတွေအတွက် အခက်အခဲဖြစ်လာနိုင်

စစ်ကောင်စီ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမှု ထပ်မံကန့်သတ်မှုအပေါ် ပြည်ပရောက် ကျောင်းသားတွေအတွက် အခက်အခဲဖြစ်လာနိုင်

ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးကနေ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမှုကို ထပ်မံကန့်သတ်လိုက်တဲ့အပေါ် ထိုင်းနိုင်ငံမှာ ပညာသင်ယူနေတဲ့ ကျောင်းသားတွေအတွက် အခက်အခဲဖြစ်လာနိုင်တယ်လို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး foundation ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

“သူတို့တချို့တောင်းတဲ့အချက်အလက်ဆိုလို့ရှိရင် တစ်ဦးချင်းအနေနဲ့ ပေးဖို့ကတော့ ပေးတော့ပေးလို့ရတယ် တော်တော် ခက်ခဲမှုတွေရှိတယ်။ ကျနော် စိုးရိမ်တာက သူတို့ရဲ့ တောင်းဆိုမှုတွေက တောင်းဆိုတဲ့ အထောက်အထားကို မပေးနိုင်တဲ့ ကျောင်းသားတွေက တစ်စုံတစ်ရာ တရားဝင်မှုတွေ ဆုံးရှုံးသွားမယ်။” လို့ ဦးထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်ဆက်နေထိုင်ဖို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့အခါမှာ နိုင်ငံကူးလက်မှတ် အမျိုးအစားတွေဖြစ်တဲ့ အလည်အပတ် ပတ်စ်ပို့ (PV) နဲ့ ပညာရေး ပတ်စ်ပို့ (PE) တို့ကို ထောက်ခံစာတွေကိုပါ ယူလာရမယ်လို့ ကောင်စစ်ဝန်ချုပ်ရုံးကနေ ဧပြီလ ၁၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ဒေသက ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ ပြန်တမ်းဝင်အရာရှိတစ်ဦးထောက်ခံစာ၊ နိုင်ငံရေးစိစစ်ရေးကတ်ပါတဲ့ မိဘထောက်ခံစာ၊ ကာယကံရှင် ပြည်ပရောက်နေချိန် ဆောင်ရွက်မှုအသေးစိတ် ကိုယ်ရေးစာ၊ တက်ရောက်တဲ့ ကျောင်းနဲ့ ပတ်သက်တဲ့ အထောက်အထား စတဲ့ အချက် ( ၆ ) နဲ့အတူ ပုံမှန် ပတ်စပို့သက်တမ်းတိုးချိန်လိုအပ်တဲ့ စာရွက်တွေကိုပါ ယူဆောင်လာရမယ်လို့ ဆိုပါတယ်။

ပြင်ပနိုင်ငံမှာ သွားရောက်ပညာသင်ယူနေတဲ့အတွက် အဲဒီလိုထောက်ခံစာရရှိဖို့ အခက်အခဲရှိနိုင်တယ်လို့ ချင်းမိုင်ရှိ Mae Faj Luang တက္ကသိုလ်မှာ ပထမနှစ် တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦးက ပြောပါတယ်။

“ကိုယ်က ပြည်တွင်းမှာမနေရတာက ကြာပြီ ကိုယ့်ဒေသရဲ့ ရဲထောက်ခံစာတွေရော ထောက်ခံစာတွေ ယူဖို့ နည်းနည်းခက်တယ်လေ ပြီးတော့အခု နိုင်ငံရေးရှုပ်တယ်ဆိုတော့ တကယ်ကျောင်းသွားတက်လား ပြီးတော့ တော်လှန်ရေးထဲမှာပါလား ဆိုတဲ့ အဲလိုမျိုး စွတ်စွဲချက်တွေ ရှိလာမှာ နည်းနည်းကြောက်တယ်ပေါ့နော် ကိုယ်က ပြည်တွင်းမှာလည်း မနေတာကြာပြီ ပြီးရင်ထောက်ခံပေးတဲ့လူတွေ လည်းအဲလောက်မရှိဘူးဆိုရင် အဲဒါတွေက အခက်အခဲရှိလာတယ်လို့ မြင်မိတယ်လေ။” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဘက်က ဒီလိုကန့်သတ်လာတာဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တော်လှန်ရေးနဲ့ပတ်သက်ပြီး ပါဝင်မှုရှိနေတယ်လို့ ထင်တဲ့အတွက် အဲဒီလို ကန့်သတ်ချက်တွေကို ပြုလုပ်လာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ထောက်ခံစာရယူတဲ့နေရာမှာလည်း ပြန်တမ်းဝင်တစ်ဦးရဲ့ ထောက်ခံစာလည်းလိုအပ်နေတဲ့အတွက် ထိုင်းနိုင်ငံမှာ ပညာသင်ယူနေသူတွေအတွက် အခက်အခဲလည်း ပိုရှိလာနိုင်တယ်လို့ ဦးထူးချစ်က ဆက်ပြောပါတယ်။

“အဲ့ဒီ passport အသစ်ပြန်လုပ်မယ့်သူက တစ်ချက် ကျနော် သတိထားမိတာက မြန်မာပြည်ရဲ့ ပြန်တမ်းဝင်အရာရှိ တစ်ယောက်ရဲ့ ထောက်ခံချက်လိုတယ် ဆိုတဲ့ဟာမျိုးပါတယ်။ ဆိုတော့ အဲ့ဒီဟာလည်း တော်ရုံတန်ရုံ ပြန်တမ်းဝင်အရာရှိက ကိုယ့်ရဲ့ ဆွေမျိုးသားချင်း ညီကိုမောင်နှမ မဟုတ်ပဲနဲ့ အဲ့ဒီ ထောက်ခံစာကို ပေးပါ့မလားပေါ့။ တကယ်လို့များ သူပေးလိုက်တဲ့ ကျောင်းသား ကျောင်းသူတစ်ချို့က တစ်‌ယောက်ကပေါ့နော အခြားနိုင်ငံရေး အဖွဲ့အစည်းနဲ့ နိုင်ငံရေး လှုပ်ရှားမှု ပတ်သက်လို့ရှိရင် သူကကော အပြစ်ပေး အရေးယူခံရမှာဘဲလေး။ ဆိုတော့ အဲ့ဒီ ကိစ္စတွေကို ကျနော်တို့ စိုးရိမ်တာ။” လို့ ဦးထူးချစ်က ပြောပါတယ်။

နှစ်စဉ် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ ပညာသင်ယူဖို့ ရောက်ရှိနေတဲ့ ကျောင်းသား/သူ သောင်းကဏာန်းအထိ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေအရလည်း မြန်မာနိုင်ငံတွင်းမှာ ပညာရေးအခွင့်အလမ်းနည်းပါးနေတဲ့အတွက် ပြည်ပကို ပညာသွားရောက်သင်ယူသူ ပိုများပြားလာနေပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...