အိမ်ထောင်ရေးဖောက်ပြန်မှု တားဆီးရေး ဥပဒေမူကြမ်း ကရင်နီတွင် စတင်ရေးဆွဲ

အိမ်ထောင်ရေးဖောက်ပြန်မှု တားဆီးရေး ဥပဒေမူကြမ်း ကရင်နီတွင် စတင်ရေးဆွဲ
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd

ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့် အိမ်ထောင်ရေးဖောက်ပြန်မှုဆိုင်ရာ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို စတင်ရေးဆွဲနေပြီ ဖြစ်သည်။

အဆိုပါအ ဥပဒေမူကြမ်းကို ကရင်နီပြည် ကြားကာလလွှတ်တော် ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ ဥပဒေကြမ်းရေးဆွဲ ရေးနှင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ စောအားဒိုက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

“မြေပြင်တွေ့ရှိချက်တွေကြောင့်ပါနော်။ ၂၄-၂၅ (၂၀၂၄-၂၀၂၅) မှာ တရားရုံး ၊ ရဲစခန်းနဲ့ တရားရေးကို အများ ဆုံးရောက်တဲ့ cases တွေမှာ ဆေးမှု၊ အိမ်ထောင်ရေးနဲ့ ဆက်စပ်တဲ့အမှုတွေ အများကြီးရှိလို့ သက်ဆိုင်ရာ Institution (အဖွဲ့အစည်း)တွေ ဒီလို case ကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့ပါ” ဟု စောအားဒိုက ပြောသည်။

အဆိုပါဥပဒေတွင် အမျိုးသမီးအခွင့်အရေးများအတွက် ထည့်သွင်းစဉ်းစား ရေးဆွဲထားသော်လည်း အသေးစိတ် အချက်အလက်များကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ထိုဥပဒေမူကြမ်းကို ကရင်နီပြည်ရှိ တိုင်းရင်းသား ဓလေ့ထုံးတမ်းများ၊ ရေမြေနှင့် ကိုးကွယ်ယုံကြည်သည့် ဘာ သာတရားများနှင့် ကိုက်ညီသည့် ဥပဒေတစ်ရပ် ဖြစ်လာစေရန် ရေးဆွဲနေခြင်းဖြစ်ကြောင်း ပြည်နယ်ဥပဒေ အရာရှိ ခွန်းဂျက်စတင်းက ဆိုသည်။

ထို့ပြင် အဆိုပါဥပဒေမူကြမ်းသည် ထိမ်းမြားခြင်း ဖောက်ဖျက်မှုကိုသာ အဓိကထား အရေးယူရန် ရေးဆွဲထား ခြင်းဖြစ်၍ အမွေခွဲဝေမှုဆိုင်ရာ ကိစ္စများ အများပြား မပါဝင်ကြောင်း ခွန်းဂျက်စတင်းက ပြောသည်။

ခွန်းဂျက်စတင်းက “ကျနော်တို့ဆီကို ရောက်လာတဲ့အမှုတွေက မနည်းဘူးပေါ့နော်။ ဒီနှစ်တွေထဲမှာ ၁၀ ထက် မနည်းဘူး။ အောက်ခြေမှာဆို အဲ့ထက်များတဲ့ အနေအထားရှိတယ်ပေါ့နော်။ ကျနော်တို့ဆီ မရောက်လာခင်မှာ အဲ့ထက်များတဲ့ အနေအထားမျိုးရှိတယ်။ အဲ့ဒီအမှုတွေကို ကျနော်တို့ ဘယ်လိုဖြေရှင်းလဲဆို ကျနော်တို့ လက်ရှိ ဥပဒေရဲ့ အရင်းအမြစ်က နည်းနည်း နည်းနေတဲ့ အနေအထားရှိတော့ ကျနော်တို့ လုံးဝအရေးမယူတဲ့ အနေ အထားမျိုးတော့ မဟုတ်ဘူးပေါ့နော်။ သက်ဆိုင်ရာတချို့သော ရာဇသတ်ကြီး ဥပဒေတွေနဲ့ ကျနော်တို့ အရေး ယူတာမျိုးတွေ ရှိတယ်။ သို့သော် လုံးဝ အ‌ရေးယူလို့မကိုက်တဲ့ ဟာမျိုးဆိုလို့ရှိရင် ကျနော်တို့ ဆိုင်းထားတဲ့ ဟာမျိုးတွေ ပေါ့နော။ အဲလိုမျိုးတွေရှိပါတယ်။ ဒီနေရာမှာ ကျနော်တို့ ရေးဆွဲနေတဲ့ ဥပဒေတွေ ထွက်လာပြီ ဆိုရင် ထိထိရောက်ရောက် အရေးယူနိုင်မှာဖြစ်တယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်ရှိ တော်လှန်ရေး ထိန်းချုပ်နယ်မြေများတွင် အိမ် ထောင်ရေး ဖောက်ပြန်မှုများ နေရာတိုင်း၌ အနည်းနှင့်အများ ရှိနေကြသဖြင့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ပါက အမျိုးသမီးများ အတွက် တရားမျှတမှု ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကြားနေရတယ်။ အိမ်ထောင်ရေးနဲ့ပတ်သတ်ရင် အမျိုးသမီးက အဝေးရောက်နေရင် သူ့အမျိုးသားက အနောက်ကနေ ဖောက်ပြန်တာမျိုးတွေပေါ့။ ဒါမျိုးက တစ်ယောက် နှစ်ယောက်မက ကြားနေရတာလေး။ တချို့ကလည်း နှစ်ယောက်လုံး ဖောက်ပြန်တာမျိုး၊ တချို့ကျတော့လည်း အမျိုးသမီးဖက်က ဖောက်ပြန်တာမျိုးတွေ ကြားနေရတာပေါ့လေး။ ဒါတွေက များလာရင် ကျမတို့အတွက်၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွက်လည်း မကောင်းပါဘူး။ ဥပဒေတစ်ရပ်သာ ထွက်လာရင်တော့ စည်းစနစ်နဲ့ ပြန်နေနိုင်သွားကြမယ်လို့ ထင်တယ်လေ။”

လက်ရှိ ရေးဆွဲနေသည့် အိမ်ထောင်ရေးဖောက်ပြန်မှုဆိုင်ရာ ဥပဒေသည် ပဏာမမူကြမ်းအဆင့်၌သာ ရှိသေးပြီး လူထုတွေ့ဆုံပွဲများမှ ရရှိလာသည့် အကြံပြုချက်များအပေါ် မူတည်ကာ ကြားကာလလွှတ်တော် ဥပဒေကြမ်းကော်မတီက ထပ်မံပြင်ဆင် ဖြည့်စွက်သွားမည် ဖြစ်သည်။

စက်တင်ဘာလ ၅ ရက်နေ့က ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ပျက်စီးမှုအခြေအနေ။ / Crd
September 21, 2026
ကရင်နီပြည်တွင် စစ်အုပ်စုတပ်၏ အသေခံဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ...
ဓာတ်ပုံ - ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ မူအန်းဂျလာ။
September 21, 2026
ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ်သွားသည့်...
ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...