အရပ်သား ၁၀၀ နီးပါးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား၊ တချို့ရိုက်နက်ခံထားရ

အရပ်သား ၁၀၀ နီးပါးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား၊ တချို့ရိုက်နက်ခံထားရ

ဖားကန့် မှော်ဘုံ (Maden Yang) ကျေးရွာကို ဝင်စီးနေသည့် စစ်ကောင်စီ စစ်ကြောင်းသည် အရပ်သားပြည်သူ ၁၀၀ နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး ပြည်သူအချိုု့ကို ရိုက်နက်ထားသည်ဟု သိရသည်။

မနေ့ မနက် ၄ နာရီခန့်တွင် အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကြောင်းတစ်ကြောင်းသည် မှော်ဘုံ ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ရာ ယနေ့ နေ့လည်ပိုင်း ဆန်ခါဘက်သို့စစ်ကြောင်း ထွက်ခွာသွားပြီး အရပ်သား ၁၀၀ နီးပါးကို လူသား ဒိုင်းအဖြစ်ဖမ်းခေါ်သွားကြောင်း ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောသည်။

“နေ့လယ်ပိုင်းလောက်မှာ ဆန်ခါဘက်ကိုတချို့ထွက်သွားတယ် မှော်ပုံရဲ့တောင်ဘက်ပေါ့ ပြီးတော့ မြောက်ဘက်ကိုလည်း တချို့ထွက်သွားတယ်။ စစ်ကြောင်းခွဲသွားတာ အရပ်သား တွေကိုလူ သားဒိုင်းလုပ်ပြီးဖမ်းခေါ်သွားတာ”ဟု ပြောသည်။

ဖမ်းခံရသည့် အရပ်သား ၁၀၀ နီးပါးတွင် လူငယ်နဲ့လူလတ်ပိုင်း အရွယ်အများဆုံးပါဝင်ပြီး ၎င်းတို့ကို လက်နောက်ပြန်ကြိုးတုတ်ကာ ခေါ်ဆောင်သွားသည်ဟု သိရသည်။

စစ်ကောင်စီ ယနေ့ နံနက်ပိုင်း မှော်ဘုံကျေးရွာကို ဝင်စီးရာတွင် လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် အရပ်သား နေအိမ်တစ်လုံး နှင့် ရုံးအဆောက်အအုံတစ်ခုကိုလည်း မီးရှို့ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...