စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ်ယဉ်ကျေးမှု ပြည်နယ်ဦးစီမှူးကို အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်ဟုဆို

စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ်ယဉ်ကျေးမှု ပြည်နယ်ဦးစီမှူးကို အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်ဟုဆို

ချင်းပြည်နယ် ဟားခါးမြို့က စစ်ကောင်စီလက်အောက်ခံ ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ငိုင်ဟောက်နြောင် (Ngai Hau Niang) ကို ဧပြီလ ၁၂ ရက်နေ့က အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဧပြီလ ၁၂ ရက် နေ့ခင်းပိုင်းအချိန်တွင် သေနတ်ကိုင်ဆောင်သူ အမည်မသိလူတချို့က ဒေါ်ငိုင်ဟောက်နြောင်အိမ်သို့ လာရောက်ပြီး မေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင်းသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“သူက အရင်ကလည်း ပြည်နယ်အစိုးရရုံးမှာ စစ်ကောင်စီကျင်းပတဲ့ ချင်းအမျိုးသားနေ့မှာပါဝင်ခဲ့တဲ့ ဗီဒီယိုဖိုင်တွေရှိလို့ လူငယ်တွေရဲ့သတိပေးခြင်း ခံရပြီးသား၊ အခုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလို့ ထင်ရတဲ့ အရပ်သားဝတ်စုံနဲ့ လူငယ် တစ်ချို့က သူ့အိမ်ကို သွားပြီး မေးစရာရှိတယ်လို့ ပြောပြီးတော့ ခေါ်သွားကြတာ အခုထိ ပြန်မလွတ်လာသေးဘူး” ဟု သူကပြောသည်။

ဖမ်းဆီးခံရသူ ဒေါ်ငိုင်ဟောက်နြောင်သည် ဟားခါးမြို့ ယဉ်ကျေးမှုရုံးဝန်းရှိ ဝန်ထမ်းအိမ်ယာတွင် မိသားစုလိုက် နေထိုင်ကာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင်လည်း CDM ပြုလုပ်ခြင်းမရှိဘဲ လက်အောက်ခံဝန်ထမ်းတစ်ချို့နှင့်အတူ ရုံးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေသူဟုသိရသည်။

၎င်းအား ဖမ်းဆီးသွားပြီးနောက် နေအိမ်တွင် စစ်ကောင်စီတပ်သားများ အဖွဲ့လိုက်ရောက်ရှိလာပြီး သားဖြစ်သူထံ အကျိူးအကြောင်းမေးမြန်းပြီးနောက် ပြန်လှညှ့်ထွက်သွားကြသည်ဟု သိရသည်။

ယခုလက်ရှိဟားခါးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရုံးဝန်ထမ်း အကြီးအကဲတချိူ့မှာ ၎င်းတို့နေအိမ်တွင်ပင် မနေရဲြကတော့ဘဲ ပုန်းရှောင်နေကြသူများလည်းရှိနေပြီး အချို့မှာ အလုပ်မှ နုတ်ထွက်ကြသူများရှိသည်ဟု သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း အသစ်ဝင်လာသော စစ်ကောင်စီဝန် ထမ်းများနှင့် တစ်ခြားနယ်မှ ဟားခါးမြို့နယ်တွင်ပြောင်းရွှေ့လာသောဝန်ထမ်းများအားလုံး ၂၀၂၃ ခုနှစ် မေလမကုန်မီ ပြည်သူပိုင်အိမ်ယာမှဆင်းကာ တစ်ခြားနယ်မှ ပြောင်းရွှေ့လာသူများသည် ဟားခါးမြို့နယ်မှ ထွက်ခွါရမည်ဖြစ်ပြီး အမိန့် လိုက်နာခြင်းမရှိပါက လိုအပ်သလိုအရေးယူသွားမည်ဟု ဧပြီလ ၁၀ ရက်နေ့က CDF-Hakha Council က သတိပေးထုတ်ပြန်ခဲ့သည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...