ချင်းပညာရေးဝန်ကြီးဌာန၏ ကျောင်းပေါင်း ၃၇၀ ကျော်တွင် ကျောင်းသူ/သား ၃၅,၀၀၀ ကျော်ရှိ

ချင်းပညာရေးဝန်ကြီးဌာန၏ ကျောင်းပေါင်း ၃၇၀ ကျော်တွင် ကျောင်းသူ/သား ၃၅,၀၀၀ ကျော်ရှိ

လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင် ကျောင်းပေါင်း ၃၇၃ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသူ/ကျောင်းသားပေါင်း ၃၅,၈၉၇ ဦး ပညာသင်ယူ လျက်ရှိသည်။

၂၀၂၄ ခုနှစ်မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေသည့်အကြားတွင် ချင်းပြည်နယ်အနှံ့၌ စာသင်ကျောင်းများ ပုံမှန် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ကျေးရွာပေါင်း ၆၆၀ ကျော်ကို လွှမ်းခြုံသည့် စာသင် ကျောင်းများကို ဖွင့်လှစ်ထားနိုင်ခြင်း ဖြစ်သည်။

ချင်းပြည်အစိုးရအဖွဲ့မှ ဒေါက်တာရှာရွန်ပါရ်က “ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံကျောင်းပေါင်း ၃၇၃ ကျောင်းဖွင့်လှစ်နိုင်ခဲ့တယ်။ အခုလည်း လက်ရှိ ဖွင့်နေပါတယ်။ ကျောင်းသားကျောင်းသူအနေနဲ့ သုံးသောင်းခွဲ ကျော် ရှိပါတယ်။ ဆရာ၊ ဆရာမက သုံးထောင်ကျော်နဲ့ ဒီကျောင်းတွေကို လည်ပတ်နေတာ ဖြစ်တယ်။ အခု လက်ရှိမှာ ကျမတို့ အစိုးရအဖွဲ့အနေနဲ့က ငွေကြေး အများကြီး ထုတ်ပေးနိုင်တာ မရှိပါဘူး။ ပညာရေးဝန် ဆောင်မှု အားလုံးရဲ့ အများစုက ပြည်သူလူထုရဲ့ အားစိုက်ထုတ်မှုကနေ လာပါတယ်” ဟု ပြောသည်။

ထို့ပြင် ချင်းပြည် ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးမူဝါဒနှင့် ပညာရေး မဟာဗျူဟာ လုပ်ငန်းစဉ် (၂၀၂၅-၂၀၃၀) ကိုလည်း ရေးဆွဲထားပြီး ပညာရေး လမ်းညွှန်မူဘောင်အဖြစ် ကျင့်သုံးလျက်ရှိသည်။

လက်ရှိတွင် ရပ်ရွာအခြေပြု ပြည်သူတစ်ရပ်လုံးက စုပေါင်းထည့်ဝင်သည့် ဘဏ္ဍာငွေများဖြင့် ဆရာ/မ လစာနှင့် အခြေခံ အဆောက်အအုံ လိုအပ်ချက်များကို အဓိက ဖြည့်ဆည်းနေရပြီး ပညာရေးတွင် ဘဏ္ဍာငွေ ပိုမိုသုံးစွဲနိုင် ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဟု ချင်းပညာရေးဝန်ကြီးဌာနမှထံမှ သိရသည်။

လတ်တလောတွင် ချင်းအမျိုးသားတက္ကသိုလ် (CNU) ၌ ပညာရေးဌာန၊ ဥပဒေဌာန၊ နည်းပညာနှင့် အသက်မွေး ဝမ်းကျောင်းမှုဌာနတို့ကို ဖွဲ့စည်းထူထောင်ထားပြီး တက္ကသိုလ်ကျောင်းသူ/ကျောင်းသား ၄၀၀ ကျော် ပညာသင်ယူနေကြသည်။

“အခုလက်ရှိမှာ ကျမတို့က ချင်းအမျိုးသားတက္ကသိုလ်ဆိုပြီးတော့ အဆင့်မြင့်ပညာအတွက်လည်း သင်ကြား ရေးတွေ စနေပါပြီ။ ၂၀၂၅ ကနေ စတင်ခဲ့တာပါ။ အခုဆိုရင် အဓိက မေဂျာ ၄ ခုနဲ့ သင်ကြားနေပြီ ဖြစ်ပါတယ်။ အခု လက်ရှိမှာ စကစရဲ့ တပ်ဖွဲ့တွေကနေ ကျမတို့ရဲ့ ကျောင်းတွေကို ဖျက်စီးပျက်ခဲ့တာကတော့ ၅၅ ခုအထိ ရှိပါ တယ်။ သူတို့ရဲ့ လူမဆန်စွာ ပြုမှုနေမှုတွေကို မီဒီယာတွေ အနေနဲ့လည်း များများ ဖော်ပြဖို့လည်း လိုတယ်ဆိုတာ ကျမ တင်ပြချင် ပါတယ်” ဟု ဒေါက်တာရှာရွန်ပါရ် က ဆက်ပြောသည်။

တက္ကသိုလ် အကြိုသင်တန်းကျောင်းများကိုလည်း ချင်းပြည်ရှိ မြို့နယ်နှင့် ဒေသ ၅ ခုတွင် ဖွင့်လှစ်ထားပြီး ဖြစ် သည်။ ချင်းပြည်မှ ကျောင်းသူ/ကျောင်းသားများအနေဖြင့် အဆင့်မြင့်ပညာရပ်များကို အိမ်နီးချင်းနိုင်ငံများတွင် ဆက်လက်သင်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များ၊ တက္ကသိုလ်များနှင့် ညှိနှိုင်းမှုများ ဆောင်ရွက် လျက်ရှိသည်။

ချင်းပညာရေးဝန်ကြီးဌာန၏ စာသင်ကျောင်းအချို့ကို ကွင်းပြင်များ၊ အများပြည်သူ အသုံးပြုသည့် အဆောက် အအုံများနှင့် ပုဂ္ဂလိက နေအိမ်များတွင် ဖွင့်လှစ်သင်ကြားနေရပြီး စာသင်ကျောင်းများ တည်ဆောက်ရေးအတွက် လုံလောက်သော ဘဏ္ဍာငွေ မရှိဘဲ အခက်အခဲ ဖြစ်ပေါ်နေသည်။

ထို့ကြောင့် ပြည်တွင်းပြည်ပရှိ ချင်းလူမျိုးများ၊ အလှူရှင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ချင်းပြည် (Chinland) ပညာရေးအတွက် ဘက်ပေါင်းစုံမှ ပါဝင်ပံ့ပိုး ကူညီကြရန် ချင်းပြည်ပညာရေးဝန်ကြီးဌာနက တိုက် တွန်းထားသည်။

ဓာတ်ပုံ - (ပုံဟောင်း - Crd) 

ကလေးမြို့နယ်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ / CJ - ပုံဟောင်း
September 21, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်လိုင်ရပ်ကွက်၌ နာရေးမဏ္ဍပ် ဆောက်လုပ်ပေးနေသည့် ချင်းလူငယ် ၂ ဦးကို...
September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...