မင်းတပ်တိုက်ပွဲ စစ်ကောင်စီဖက် ၁၈ ယောက်သေဆုံး၊ စစ်ကောင်စီက တိုက်လေယာဉ်ဗုံးကြဲတိုက်ခိုက်

မင်းတပ်တိုက်ပွဲ စစ်ကောင်စီဖက် ၁၈ ယောက်သေဆုံး၊ စစ်ကောင်စီက တိုက်လေယာဉ်ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ် CDF-Mindat တို့အကြား တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဖက် ၁၈ ယောက် သေဆုံးခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁) ဘက်တွင် ဧပြီလ ၇ ရက်နေ့မနက် ၇ နာရီခွဲမှ ညနေ ၆ နာရီကျော်အထိ တနေကုန် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဖက်က ၁၅ ဦးထက်မနည်း သေဆုံးကာ ချင်းကာကွယ်ရေးတပ်ဘက်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Mindat က ယနေ့ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားသည့်ညတွင် စစ်ကောင်စီတပ်ဖွဲ့က ဂျက်ဖိုက်တာဖြင့် ၈ ကြိမ် ဗုံးကြဲချခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဧပြီလ ၁၀ ရက်နေ့ညနေ ၆ နာရီခန့်တွင် မင်းတပ်မြို့အနီး ၉ မိုင်ဖက်၌လည်း တိုက်ပွဲထပ်မံဖြစ်ပွားကာ စစ်ကောင်စီဖက်က ၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၁၁ ရက်ည ၇ နာရီ ၄၆ မိနစ်အချိန်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် မင်းတပ်မြို့နယ် အမှတ် (၁) ကျေးရွာအနီးနှင့် ကျေးရွာထဲတွင် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း၊ လူနေအိမ် ၁ လုံး ပျက်စီးသွားခဲ့ပြီး ပြည်သူထိခိုက်မှုမရှိကြောင်း CDF-Mindat ထုတ်ပြန်ထားသည်။

Most read this week

December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...