ရွှေကူ နန့်လန် နှင့် နောင်လတ်ကြီးကျေးရွာကို စစ်ကောင်စီတပ် မီးထပ်ရှို့

ရွှေကူ နန့်လန် နှင့် နောင်လတ်ကြီးကျေးရွာကို စစ်ကောင်စီတပ် မီးထပ်ရှို့

ကချင်ပြည်နယ် ရွှေကူမြို့နယ် နန့်လန်ကျေးရွာနှင့် နောင်လတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်သည် ယနေ့ နံနက် ထပ်မံ မီးရှိုခဲ့ကြောင်း သိရသည်။

ဧပြီ ၁၁ ရက်နေ့ မနက် ၆ နာရီအချိန်၌ ရွှေမြို့အရှေ့ဘက် ရွာချင်းကပ်နေသည့် နန့်လန်ကျေးရွာနှင့် နောင်လတ်ကြီးကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွှေကူမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

“ဒီနေ့မနက် နန့်လန်နှင့် နောင်လတ်ကြီးရွာကို ဝင်ရှို့တာ လူနေအိမ်တွေအများကြီးပါသွားတယ်လို့သိရ။ ဘယ်နအိမ်လည်းတော့ အတိအကျ မသိရသေးဘူး။ စစ်သားတွေက အခုရွာထဲက ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတယ်လို့ သိရတယ် အိမ်တွေအချို့ကတော့ မီးစွဲနေတုန်းပဲ”ဟု ပြောသည်။

ယနေ့ ဝင်ရောက် မီးရှို့ခံရသည့် နန့်လတ်နှင့် နောင်လတ်ကြီးသည် ရွှေကူ နှင့် ၁၀ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

“ရွာသားတွေကတော့ မတ်လ ၂၀ ကျော်ကတည်းကနေထွက်ပြေးနေကြတာလည်း အခုကရွာထဲမှာက လုံးဝထွက်မပြေးနိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်တာ သူတို့ကို လူသားဒိုင်းအဖြစ်ဖမ်းထားတယ်တဲ့“ဟု ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးကပြောသည်။

လူသားဒိုင်းအဖြစ်ဖမ်းခံထားရသည့် သက်ကြီးရွယ်အိုများမှာ အသက် ၇၀ အထက်ရှိသူများဖြစ်ပြီး နန့်လန်၊ နောင်လတ်ကြီး ဘုန်းကြီးကျောင်းတို့တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

ဗန်းမော်မြို့တွင်းတပ်နှင့် ရွှေကူမြို့တွင်းတပ်တို့မှ စစ်အင်အား ၂၀၀ ဝန်းကျင်သည် မတ်လ ၂၃ ရက်နေ့ကတည်းက ရွှေကူအရှေ့ခြမ်းကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် မတ်လ ၂၃ ရက်နေ့မှ ယနေ့ထိ ရက်ပေါင်း ၂၀ နီးပါးကာလတွင် မံဝိန်း၊ စီမူလေး၊ စီမူကြီး၊ မံခါး၊ ငှက်တံတား၊ စီသာ၊ စီသောင်၊ နောင်လတ်ကြီး အစရှိသည့် ကျေးရွာပေါင်း ၁၀ ခန့်ကို လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၈ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ပြီး ကျေးရွာအများအပြား မီးလောင်ပြာကျသွားကြောင်းသိရသည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...