မိုးကောင်းမြို့ CDM ဝန်ထမ်းအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

မိုးကောင်းမြို့ CDM ဝန်ထမ်းအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် CDM ထွေအုပ် ဝန်ထမ်းအမျိုးသမီးတစ်ဦးကို စစ်ကောင်စီအဖွဲ့က ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ဖမ်းဆီးခံရသည့် နန့်ရင်းရပ်ကွက် နေထိုင်သူ မနေခြည်အောင်ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့တို့က အိမ်စီးများဖြင့် လာရောက်ဖမ်းဆီခေါ်ဆောင်သွားပြီး ယနေ့အထိ မိသားစုနှင့် ဆက်သွယ်ခွင့်မရရှိသေးကြောင်း လုံခြုံရေးအရ အမည် မဖော်လိုသော မိုးကောင်းဒေသခံ အမျိုးသမီးတစ်ဦး က KNG ကို ပြောသည်။

“သူ့ကိုလာဖမ်းတာက မနက် ၁၀ နာရီခွဲလောက်မှာ ရဲတွေက အိမ်စီးကား ၂ စီးနဲ့လာသွားတာတွေ့လိုက်တယ်။ သူတို့မေးစရာရှိလို့ ဆိုပြီး ဖမ်းသွားတယ်တဲ့။ ဖမ်းသွားတဲ့နေ့ကနေ ခုထိတော့ မိသား စုတွေနဲ့ တွေ့ခွင့်မပေးသေးဘူး။ သူ့ဖုန်းလည်း သိမ်းသွားတယ်တဲ့”ဟုပြောသည်။

မနေခြည်အောင်ကို Facebook account နှင့် တိုက်စစ်ကာ လာရောက်ဖမ်းခေါ်သွားပြီး မိုးကောင်းရဲစခန်းတွင် လက်ရှိအချိန်ထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

မနေခြည်အောင်သည် CDM ပြုလုပ်ထားသည်မှာ တစ်နှစ်ကျော်နေပြီဖြစ်ပြီး မည်သည့်ကိစ္စကြောင့် လာဖမ်းသွားသည်ကို အသေးစိတ်မသိ ရှိရသေးပေ။

မိုးကောင်းတွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် CDM ကျောင်းဆရာမ ဒေါ်စိုးမြမြကို စစ်ကောင်စီက စက်တင်ဘာ ၃၀ ရက်နေ့တွင် ပုဒ်မ ၅၂ (က) ဖြင့် အမိန့်ချမှတ်ခဲ့သည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...