အင်းတော်တွင် အမျိုးသမီး ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်

အင်းတော်တွင် အမျိုးသမီး ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်

ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့တွင် ဧပြီလ ၃ ရက်နေ့တွင် အမျိုးသမီးသုံးဦးကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။

အင်းတော်ဒေသခံ CDM ကျောင်းဆရာမ ဒေါ်သိန်းလှ အသက် ၄၀ နှင့် စျေးသည် ဒေါ်ခင်ပြည့်ပြည့်ထွန်း၊ ဒေါ်အေးအေးတို့ကို အင်းတော်မြို့နယ် စစ်ခုံရုံမှ အကြမ်းဖက်ပုဒ်မတို့ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

”သူတို့သုံးယောက်လုံးက ပုဒ်မ ၅၀ (ည) နဲ့ ပုဒ်မ ၅၂ (က)နဲ့ စစ်တော်စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်းချလိုက်တာဗျ။ သူတို့သုံးယောက်လုံးက အင်းတော်မြို့ထဲကလူတွေပဲ”ဟုပြောသည်။

အဆိုပါ အမျိုးသမီးသုံးဦးသည် ယခုနှစ် မတ်လ ၅ရက်နေ့တွင် နေအိမ်တွင်း၌ ဝင်ရောက်ဖမ်းဆီးခံရပြီးနောက် PDF များနှင့်ဆက်သွယ်မှု၊ ကူညီထောက်ပံ့မှုတို့ဖြင့် တရားစွဲအမိန့်ချခံလိုက်ရကြောင်း သိရသည်။

ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသည့် ယင်းအမျိုးသမီး ၃ ဦးကို လက်ရှိတွင် ကသာအကျဥ်ထောင်၌ ပို့ဆောင်ထားပြီ ဖြစ်ကြောင်း အင်းတော် PDF မှသိရသည်။

အင်းတော်မြို့နယ်တွင် စစ်ကောင်စီက ထောင်ဒဏ် တစ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည့် ပြည်သူ ၅ ဦးအထိရှိလာပြီဖြစ်ပြီး ဧပြီလ ၁ ရက်နေ့က အမိန့်ချလိုက်သည့် ကိုအေးမင်းထွန်းနှင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အမိန့်ချမှတ်ခဲ့သည့် ကိုမင်းမင်းဦးတို့ အပါအဝင်ဖြစ်ငည်။

အင်းတော်မြို့နယ်တွင် စစ်အာဏာသိမ်း ကာလတွင် ဖမ်းဆီးခံရသော ပြည်သူ ၆၀ ကျော်အထိ ရှိလာပြီး အများစုမှာ အမှုမဖွင့်ပဲ အင်းတော် စစ်တပ်ကုန်းနှင့် ရဲအချုပ်ခန်းတွင်သာ ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။

နိုင်ငံရေးအကျဥ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရ စစ်အာဏာသိမ်း ကာလအတွင်း နိုင်ငံတဝှမ်းဖမ်းဆီးခံရသည့် ပြည်သူပေါင်း ၁၇၃၃၆ ဦးအထိရှိပြီး ထောင်ဒဏ်ချမှတ်ပြီးစီးသူ ၅၅၁၆ ဦးအထိရှိပြီဟု သိရသည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...