ရွှေကူနယ်ရှိ ကျေးရွာ ၂ ခု လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် မီးလောင်းပြာကျ

ရွှေကူနယ်ရှိ ကျေးရွာ ၂ ခု လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် မီးလောင်းပြာကျ

ကချင်ပြည်နယ် ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်း  လက်ရှိ စစ်ရေးတင်းမာမှုဖြစ်ပွားနေသည့် ကျေးရွာ ၂ နေရာတွင် စစ်ကောင်စီတပ်မှ ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ထပ်မံ လာရောက်ဗုံးကျဲတိုက်ခဲ့ကြောင့် ကျေးရွာ ၂ ခုမီးလောင်ပျက်စီးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာမှုဖြစ်ပွားနေသည့် စီမူလေးနှင့် မံဝန်းကျေးရွာ ၂ နေရာတွင် ဗုံးကျဲတိုက်ခိုက်သွားတဲ့အတွက် စီမူလေးကျေးရွာ မီလောင်ပြာကျသွားကြောင်း ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

“ဒီနေ့ ၁၂ နာရီမှာထပ်ကျဲတယ် အတွဲလိုက်ကျဲသွားတယ် ဘယ်နလုံးလဲတော့မသိတတ်တော့ဘူး လေယာဥ်က တစ်စီးပဲ မံဝိန်းနဲ့စီမူလေးရွာကို ပတ်ကျဲသွားတာ။ စီမူလေးကတော့ မီးလောင်နေပြီမီးထဲပါသွားပြီ မံဝိန်းကတော့ဝေးတော့ ခြေနေမသိရသေးဘူး”ဟုပြောသည်။

စစ်ကောင်စီတပ်သည် စီမူလေးကျေးရွာကို လေကြောင်းအပြင် မြေပြင်တွင်လည်း နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သောကြောင့် တစ်ရွာလုံးပြာကျသွားသည့် အခြေအနေတွင်ရှိခဲ့သည်ဟုလည်းသိရသည်။

ကျေးရွာတစ်ခုလုံး မီးရှို့ဖျက်ဆီးခံရသော်လည်း စီမူလေး ကျေးရွာနေပြည်သူများသည် လက်ရှိအချိန်အထိ ကျေးရွာထဲဝင်ရောက်နိုင်ခြင်းမရှိသေးသည့်အတွက် ထိခိုက်ပျက်ဆီးမှုများ အသေးစိတ် သိရှိရန် ခက်ခဲနေဆဲဖြစ်သည်။

အဆိုပါ စီမူလေးကျေးရွာတွင် စစ်ကောင်စီတပ်သားများ အင်အား ၁၀၀ ဝန်းကျင်ခန့် တပ်စွဲနေထိုင်ထားသည့် ကျေးရွာတစ်ခုဖြစ်ပြီး ယနေ့နံနက်ပိုင်း ၆ နာရီဝန်းကျင်အချိန် KIA နှင့် PDF တို့၏ ဝင်ရောက်တိုက်ခိုက်ခြင်းခံရသည့်အတွက်ကြောင့် တိုက်ပွဲအပြီး ဗုံးကျဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု အထက်ပါ အမျိုးသမီးက ဆက်ဆိုသည်။

“ရွာသားတွေတော့အစကတည်းကပြေးနေတော့ လူခိုက်မှုတော့မရှိလောက်ဘူး။ နေအိမ်တွေကတော့ပါသွားပြီး ဘယ်လောက်ပါသွားလဲတော့မသိရဘူး အခုလောလောဆယ် ရွာထဲကိုပြန်ကပ်လို့မရဘူးဖြစ်နေတယ်စစ်သားတွေရှိနေတော့”ဟုဆိုသည်။

စီမူလေးနှင့် မံဝိန်ကျေးရွာ ၂ ခု လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှု ၂ ကြိမ်ရှိပြီဖြစ်ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။

လက်ရှိ ဗုံးကျဲတိုက်ခိုက်ခံရသည့် ကျေးရွာများတွင် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီ စစ်သားများ စစ်ကြောင်း ၃ ခုဖြင့် ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားမှု ၅ ကြိမ်ထက်မနည်းရှိပြီဖြစ်သည်။

ထိုတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အတွက် ယနေ့အထိ စစ်ရေးတင်းမာမှုဖြစ်ပွားနေဆဲဖြစ်ပြီး ထိုဒေသရှိ ကျေးရွာ ၈ ခု လည်း ရွှေကူမြို့ပေါ်နှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာဒေသသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

ယနေ့ ဗုံးကျဲတိုက်ခိုက်ခံရသည့် ကျေးရွာ ၂ ခုဖြစ်ကြသည့် စီမူလေးကျေးရွာတွင် အိမ်ထောင်စု ၂၀၀ ကျော်အထိရှိပြီး မံဝိန်းကျေးရွာတွင် အိမ်ထောင်စု ၃၀၀ ကျော်အထိ နေကြသည့် ကျေးရွာများဖြစ်ကြသည်။

July 14, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်များကို စစ်တပ်က တစ်ပတ်ကျော်ကြာ ပိတ်ထား...
July 14, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ မူးယစ်ဆေးဝါး ရောင်းချနေ ကြကြောင်း...
July 11, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည် လွတ်...
July 9, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်မြောက်...