နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်ချက်များကို ကျောက်ဆည်ဒေသခံအချို့ လမ်းလျှောက်ထောက်ခံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်ချက်များကို ကျောက်ဆည်ဒေသခံအချို့ လမ်းလျှောက်ထောက်ခံ
by -
ဘိုဘို
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားပေးမှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖြစ်မှန် သိရှိရန် ကြိုးစားနေမှုအား ကျောက်ဆည်ခရိုင် (၄)မြို့နယ်မှ ဒေသခံပြည်သူ (၁၀၀၀)ကျော်က ထောက်ခံသည့်အနေဖြင့် အောက်တိုဘာ(၁၅)ရက် နံနက်(၈)နာရီက ကျောက်ဆည်မြို့တွင် ခွင့်ပြုမိန့်ဖြင့် လမ်းလျှောက်ထောက်ခံခဲ့ကြောင်း သိရသည်။

''လက်ရှိဖြစ်ပေါ်နေတဲ့ အရေးအခင်းတွေမှာလည်း နားလည်မှု လွဲနေတာ ရှိသလို နိုင်ငံတကာက ထင်ယောင်ထင်မှားဖြစ်နေတာတွေ များကြီးရှိတယ်၊ ဒီကိစ္စတွေကို နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပဲ ရှင်းနေရတယ်၊ အုပ်ချုပ်ရေး အဖွဲ့တွေ ပြည်သူတွေ ခွဲခြားမနေဘဲ တစ်ပေါင်းတစည်းထဲ ထောက်ခံရမည် အခြေအနေဖြစ်နေလို့ ဒီနေ့ ထောက်ခံပွဲကို လုပ်ရတာပါ '' ဟု ကျောက်ဆည်မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးစိုးသီဟက ပြောသည်။

လမ်းလျှောက် ထောက်ခံပွဲသို့ ကျောက်ဆည်ခရိုင် မြို့နယ်(၄)မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ (၈၈) ပွင့်လင်း နှင့် လူအဖွဲ့အစည်း အဖွဲ့ဝင်များ၊ အရပ်ဖက် နိုင်ငံရေးစိတ်ဝင်စားသူများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ကျောက်ဆည်ခရိုင်အတွင်းမှာ ဒေသခံများ၊ တက်ရောက်ခဲ့ကြသည်။

'' ဆင်ပိုင်ရှင် ဆင်အဖွဲ့အစည်း (၄၀)ခန့် ပါ၀င်ခဲ့တယ်။ ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဖိအားပေးနေတဲ့ကြားက နိုင်ငံခေါင်းဆောင်က အကြပ်အတည်းကို ဖြေရှင်းနေရတဲ့အချိန်မှာ နိုင်ငံသူ နိုင်ငံသားတွေက နိုင်ငံခေါင်းဆောင် ဖြေရှင်းနေတဲ့ကိစ္စကို မားမားမတ်မတ်ရပ်တည်မည်ဆိုတဲ့ သဘောနဲ့ ထောက်ခံပွဲ ပြုလုပ်တာပါ '' ဟု ကိုးမြေဂုဏ်ဆောင် ရွှေဇင်မောင် ဆင်ပိုင်ရှင် ဦးစိုးရွှေက ပြောသည်။

ကျောက်ဆည်ခရိုင် ဒေသခံ အင်အား(၂၀၀၀)ကျော် နှင့် ဆင်အဖွဲ့ လေးဆယ်ခန့်က အဖွဲ့(၃)ဖွဲ့ ခွဲ၍ ကျောက်ဆည်မြို့ ဝင် ကားဝင်းအနီး (မြောက်ဖက် မြို့ဝင်)တွင် စတင် စုဝေးပြီး စုရပ်မှ ရန်ကုန်-မန္တလေးလမ်းအတိုင်း ဘောဂဝတီရပ် ဦးကျော်ဖေ ဝပ်ေ့ရှာလမ်းမှ ရွှေသာလျောင်းတောင်ခြေ ဆင်ပြိုင်ကွင်းထိ လမ်းလျှောက်ထောက်ခံခဲ့ကြောင်း သိရသည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...