မာန်ဟဲတွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာပြည်သူများကို ဖမ်းဆီးပိတ်ဆို့နေ

မာန်ဟဲတွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာပြည်သူများကို ဖမ်းဆီးပိတ်ဆို့နေ

စစ်ကိုင်းတိုင်းဒေသ အင်းတော်မြို့နယ် မာန်ဟဲကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားပြီး ကျေးရွာနေပြည်သူများကို ဖမ်းဆီးပိတ်ဆို့မှုများ လုပ်ဆောင်နေသည်ဟု ဒေသသတင်းအရင်းအမြစ်များပြောသည်။

မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်  စစ်သားအင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကြောင်းသည် အိမ်စီးကားများဖြင့် အသုံးပြုကာ မာန်ဟဲကျေးရွာသို့ ရုတ်တရက်ဝင်ရောက်လာပြီး အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းကို ဖမ်းဆီးထားကြောင်း  အင်းတော် PDF မှတာဝန်ရှိသူတစ်ဦး ကKNGကိုပြောသည်။

”သူတို့က အိမ်စီးကားတွေနဲ့ ရွာထဲကိုရုတ်တရက် ရောက်ချလာတာ ဒလံတိုင်တာလို့ ပြောတယ် ရွာသားတွေအားလုံးကိုဖမ်းထားတာမျိုးတော့ မဟုတ်ဘူး လူရွေးပြီးဖမ်းထားတာ။ အိမ်တွေကိုလည်းလိုက်ရှာလိုက်မွှေတာတွေလုပ်တယ်”ဟုပြောသည်။

အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းကို မာန်ဟဲရွာဘုန်းတော်ကြီးကျောင်းအတွင်း ဖမ်းဆီးထားပြီး ရွာသားများကိုလည်း ရွာအပြင်ထွက်ခွင့်မပြုကြောင်း သူကဆက်ဆိုသည်။

”ရွာကိုဖုန်းဆက်သွယ်နေတာ ဖုန်းဆက်လို့မရဘူးဖြစ်နေတယ် ရွာသားတွေကိုအပြင်ထွက်ခွင့် မပေးပဲထိန်းထားတယ်လို့သိရတယ်”ဟု အင်းတော် PDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။

မာန်ဟဲကျေးရွာသည် အိမ်ခြေ ၁၀၀ နီးပါးရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး အင်းတော်မြို့နယ်အတွင်းက ကချင်ပြည်နယ်နှင့် နယ်နိမတ်ချင်းထိစပ်နေပါသည်။

လက်ရှိ အင်းတော်မြို့နယ်အတွင်းတွင် လက်ရှိစစ်ကောင်စီ စစ်ကြောင်း ၂ကြောင်းခွဲကာ လှည့်လည် စစ်ကြောင်းထိုးနေပြီး နန့်သာရွာ၊ နားရခေါင် ကျေးရွာများဘက်တွင် ဝင်ရောက်တပ်စွဲနေကြောင်း ဒေသခံပြည်သူများပြောသည်။

ကချင်ပြည်နယ်နဲ့နယ်နိမိတ်ချင်းစပ်နေသည့်အင်းတော်မြို့နယ်တွင် စစ်ကောင်စီက အင်အားသုံးကာစစ်ရေးလှုပ်ရှားမှုပုံမှန်ပြုလုပ်လျက်ရှိပြီး ယခုကဲ့သို့ ကျေးရွာများအတွင်းဝင်ရောက်ကာ ရွာသားများကိုအကြောင်းမဲ့ဖမ်းဆီးထိန်းသိမ်းခြင်း၊ လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်းများမကြာခဏပြုလုပ်လျက်ရှိသည်။

Most read this week

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...