NCA လက်မှတ်ထိုး ၂ နှစ်ပြည့် အခမ်းအနား တက်ရောက်နိုင်မည်မထင်ဟု UNFC ဥက္ကဋ္ဌဆို

NCA လက်မှတ်ထိုး ၂ နှစ်ပြည့် အခမ်းအနား တက်ရောက်နိုင်မည်မထင်ဟု UNFC ဥက္ကဋ္ဌဆို
by -
ဖနိဒါ
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့အကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးခဲ့သည့် ၂ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခံရသော ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)က တက်ရောက်နိုင်မည်မထင်ကြောင်း မဇ္စျိမကိုပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်တွင် နိုင်ငံတော်အဆင့်ကျင်းပမည့် ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် UNFC အနေဖြင့် တစ်စုံတစ်ရာ ဆွေးနွေးနိုင်ခြင်း မရှိပါကတက်ရောက်မည် မဟုတ်ဟု သထောထားချမှတ်ထားကြောင်း UNFC ဥက္ကဠ နိုင်ဟံသာက ပြောသည်။

“မတက်ဘူးထင်တယ်။ သူတို့ကိုတော ့ပြောထားတယ်။ သူတို့က ဒီလို တကယ်လို့ ဟိုမှာ စကားပြောခွင့် ဘာမှမရှိဘဲနဲ့ နားထောင်ရုံ သက်သက်ဆိုရင် သူတို့ မတက်ဘူးလို့ ဒီလိုသဘောထားရှိတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC )မှ ဖိတ်စာ အောက်တိုဘာလ ၁၁ ရက်နေ့က လက်ခံ ရရှိသော်လည်း တပ်ပေါင်းစု ခေါင်းဆောင်များထံသို့ အောက်တိုဘာလ ၁၂ ရက်နေ့မှ ဖိတ်စာ ရရှိသဖြင့် အချိန်နီးကပ်ပြီး ပြင်ဆင်ချိန်နည်းပါးသဖြင့် တက်ရောက်မည် မဟုတ်ကြောင်းUNFC၏ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင် ခူဦးရယ်က အာအက်ဖ်အေသတင်းဌာနကို ပြောဆိုထားသည်။

UNFC တွင် မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အဖွဲ့ (LDU)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ ပါဝင်သည်။

သမ္မတ ဦးသိန်းစိ်န် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့အကြား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ထိုအခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (MICC-1) တွင် ကျင်းပမည် ဖြစ်သည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...