ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်အရေး ပြည်သူသို့ တင်ပြချက် အမေရိကန်ထောက်ခံ

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်အရေး ပြည်သူသို့ တင်ပြချက် အမေရိကန်ထောက်ခံ
by -
စိုးသူအောင်
ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့် အကူအညီလိုအပ်နေသူ အားလုံးအတွက် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာအကူ အညီပေးရေးဦးစားပေး ဆောင်ရွက်မည်ဟု ပြောဆိုချက်များပါ၀င်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့တင်ပြချက်မိန့်ခွန်း ကိုထောက် ခံကြိုဆိုသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်အရေး ဖြေရှင်းရာတွင် သက်ဆိုင်ရာကဏ္ဍစုံ၊ အလွှာစုံများစွာနှင့် အားလုံးပါဝင်နိုင်အောင်ဆောင်ရွက်သွားရေး ဆိုသည့် ကတိကဝတ်ကို အမေရိကန်သံရုံးက ကြိုဆိုပါသည် ဟုလည်း အောက်တိုဘာ ၁၃ ရက်စွဲဖြင့်ထုတ်ပြန်သည်။

အောက်တိုဘာ ၁၂ ရက်ညပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားရာတွင် “ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်ကြံုတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ ကတော့ အများကြီးဖြစ်ပါတယ်။ ဦးစားပေးလုပ်ငန်းစဉ်တွေ ပြန်ပြီး စိစစ်လိုက်မယ်ဆိုရင် အဓိက လုပ်ငန်းစဉ်ကြီး (၃) ခု ရှိနေပါတယ်။ (၁) ပထမကတော့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနဲ့ ဒုက္ခသည်များ ပြန်လည်လက်ခံရေး ဖြစ်ပါတယ်။ (၂) ဒုတိယကတော့ ပြန်လည်နေရာချထားရေးနဲ ့ ပြန်လည်ထူထောင်ရေး ဖြစ်ပါတယ်။ (၃) တတိယကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည် ပဋိပက္ခကင်းဝေးရေးတို့ပဲ ဖြစ်ပါတယ် “ ဟု ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းမှ သိန်းနှင့်ချီသောသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာတိမ်းရှောင်သွားကြပြီး၊ သောင်းနှင့်ချီသောသူများ မှာလည်း ရခိုင်ပြည်နယ်အတွင်းရှိ အခြားနေရာဒေသများသို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည် “ ဟုလည်း အမေရိကန်သံရုံးထုတ် ပြန်ချက်တွင်ရေး သားထားသည်။

ထို့အပြင် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် ငြိမ်းချမ်းမှု ပြန်လည်ရရှိရေးနှင့် သာယာဝပြောရေးအတွက် ကြိုးပမ်းအား ထုတ်မှုများကို ဆက်လက်၍ ကူညီအားပေးသွားရန် မိမိတို့ မျှော်လင့်လျက်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင်ပါရှိသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...