တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးရှိ နေအိမ်များအား စစ်တပ်မှ ဘူဒိုဇာနှင့် ဖယ်ရှားရှင်းလင်း

တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးရှိ နေအိမ်များအား စစ်တပ်မှ ဘူဒိုဇာနှင့် ဖယ်ရှားရှင်းလင်း

ဖားကန့် လုံးခင်းကျေးရွာအနီး သာသနာ့နယ်မြေ(ဒေသအခေါ် မျောက်ကုန်း)နှင့် ဆက်စပ်နေသည့် ကားကြီးကွင်းဘေးရှိ နေအိမ်များအား စစ်တပ်မှ ဘူဒိုဇာနှင့် ဖယ်ရှားရှင်းလင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နေအိမ် သုံးဆယ်ကျော်လောက်တော့ ဖျက်ပြီးသွားပြီ၊ထပ်ပြီးဖျက်ဖို့လည်း လုပ်နေကြတယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောပါတယ်။

ဖျက်ဆီးခံရတဲ့ နေအိမ်များမှ ပြည်သူတွေဟာ ၎င်းတို့ပိုင် ပစ္စည်းများကို သုံးဘီးဆိုင်ကယ်တွေနဲ့ ရွှေ့ပြောင်းနေကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေကလည်း အခုလိုပြောပြပါတယ်။

“အဲ့ဒီနေရာရောက်မဲ့ ကိုက် ၂၀၀ လောက်ကနေ၊ကြိုးတားပြီး ဘယ်သူမှ ဝင်လို့မရဘူး၊ဖျက်ထားတဲ့အိမ်တွေကတော့ လိုအပ်တာယူပြီး ရွှေ့ခိုင်းနေတာကို တွေ့ရတယ်”ဟု ဒေသခံတစ်ဦးကပြောပါတယ်။

အဲ့ဒီနေရာမှာ ယခုသတင်းရေးသားနေသည့် ညနေ ၅း၃၀ အချိန်အထိ စကစ တပ်ဖွဲ့ဝင် တစ်ရာကျော် ရောက်ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကချင်သတင်းဌာန KNG အနေနဲ့ နေအိမ်ရွှေ့ပြောင်းရသူတွေကို တိုက်ရိုက်တွေ့ဆုံမေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ယနေ့ဖျက်ဆီးရွှေ့ပြောင်းခံရသည့် ငြိမ်းချမ်းသာယာကျေးရွာ ကားကြီးကွင်းဘေးရှိ နေရာသည် နေအိမ်ခုနှစ်ဆယ်ကျော်ရှိပြီး၊ဆယ်နှစ်ကျော် နေထိုင်ခဲ့ကြကြောင်း ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့၊လုံးခင်းကျေးရွာအနီး သာသနာ့နယ်မြေ (ဒေသအခေါ် မျောက်ကုန်း) အနီးတွင် တပ်စွဲထားသည့် စကစ တပ်ဖွဲ့ဝင်များနှင့် KIA+PDF တို့ ယမန်နေ့ ညနေ ၆ နာရီ အချိန်ခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံး၍၊သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ပြည်သူ ခြောက်ဦး သေဆုံးခဲ့ပါတယ်။

July 14, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်များကို စစ်တပ်က တစ်ပတ်ကျော်ကြာ ပိတ်ထား...
July 14, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ မူးယစ်ဆေးဝါး ရောင်းချနေ ကြကြောင်း...
July 11, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည် လွတ်...
July 9, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်မြောက်...