တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို သီးခြားဆီတွေ့ဆုံရန် အပစ်ရပ် ၈ ဖွဲ့တောင်းဆိုထား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို သီးခြားဆီတွေ့ဆုံရန် အပစ်ရပ် ၈ ဖွဲ့တောင်းဆိုထား
by -
မဇ္ဈိမ
 အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့မှဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားဆီတွေ့ဆုံလို သည်ဟု တောင်းဆိုထားကြောင်း PPST အဖွဲ့ဝင် ဦးခွန်မြင့်ထွန်းက ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာ ၁ တွင်ပြုလုပ်မည့် NCA လက်မှတ်ရေးထိုးသည့် ၂ နှစ်ပြည့် အခမ်းအနား အပြီးတွင်ထိုသို့တွေ့ဆုံရန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ သီးခြားဆီတွေ့ဖို့ဆိုတာကတော့ အလွှတ်သဘော တွေ့ဆုံကြဖို့ ကျွန်တော်တို့ဘက်ကဒါကို ပြောတာဖြစ်ပါတယ်။ ဟိုဘက်ကအချိန်ပေး နိုင်မှုမပေးနိုင်မှု ကတော့ မသိသေးပါဘူး။ ကျွန်တော်တို့ကတော့ ဒီလိုသွားရောက်စဉ်ကာလမှာတော့ ခေါင်းဆောင်တွေကြားမှာ အလွတ်သဘောတွေ့ဆုံမှုတွေ လုပ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးသွားတဲ့အခါမှာ ပိုပြီး ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ရင်းရင်းနှီးနှီးဆွေးနွေးနိုင်ဖို့အတွက်ကိုရည်ရွယ်တာဖြစ်ပါတယ် “ ဟု ဦးခွန်မြင့်ထွန်းက ပြောသည်။

အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့မှ ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အောက်တိုဘာ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူဆွေးနွေးမှုပြုလုပ်အပြီးတွင် ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

ထိုအစည်းအဝေးတွင် ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်နှင့် NCA နှစ်ပတ်လည်နေ့ အခမ်းအနားအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် အစုုိးရနှင့် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၈ ဖွဲ့တုုိ့ တစ်နုုိင်ငံလုံုး ပစ်ခတ်တုုိက်ခုုိက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထုုိးခဲ့သော ၂ နှစ်ပြည့် အခမ်းအနားကုုိ မြောက်ပုုိင်း မဟာမိတ်အဖွဲ့ ရ ဖွဲ့ပါဝင်သော ပြည်ထောင်စုု ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များအား ဖိတ်ခေါ်မည် ဟု PPST အဖွဲ့ကဆိုသည်။ ယင်းသို့ဖိတ်ကြားရန် အစိုးရအဖွဲ့၏ခွင့်ပြုချက်ကိုလည်း ရရှိထားပြီးဖြစ်ကြောင်း ဦးခွန်မြင့်ထွန်းက ပြောသည်။

“အဲဒီအဆုုိပြုမှုကုုိ အစုုိးရဘက်က လက်ခံပြီးတော့မှ မြောက်ပုုိင်းမဟာမိတ်အဖွဲ့တွေရော၊ ယူအန်အက်ဖ်စီရော ဒီအခမ်းအနားကုုိ ဖိတ်ကြားဖုုိ့ နှစ်ဖက် သဘောတူပြီး ဖြစ်ပါတယ်”ဟုု သူက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ  (KNLA/PC) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) တို့သည် သမ္မတဦးသိန်းစိန်လက်ထက်၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ တွင်အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကိုရေးထိုးခဲ့ကြခြင်းဖြစ်သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...