ဖားကန့်တွင် အမျိုးသား ၇ ဦးကို PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီတပ် ဖမ်းဆီးသွား

ဖားကန့်တွင် အမျိုးသား ၇ ဦးကို PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီတပ် ဖမ်းဆီးသွား

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှ အမျိုးသား ၇ ဦးကို  PDF ထောက်ပို့လုပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း  ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ အင်အား ၅၀ ခန့်သည် ယနေ့ နံနက် ၁ နာရီဝန်းကျင်တွင် စစ်ကားများဖြင့် မှော်ဝမ်းရပ်ကွက်တွင်းဝင်ရောက်လာပြီး အမျိုးသား ၇ ဦးကို ဖမ်းဆီးသွားကြောင်း ပြည်သူတစ်ဦးက KNG ကို ပြောသည်။

”သတင်းအတိအကျ ရပြီးလာဖမ်းတဲ့ပုံစံဗျ။ သူတို့က သီးခြားဆီနေတာ အဲ့တာကို ဝင်ဖမ်းသွားတာ။ ဖားကန့် စစ်တပ်ဗျူဟာကုန်းဘက်ကို ခေါ်သွားတယ်လို့သိရတယ်”ဟုပြောသည်။

အဆိုပါအဖမ်းခံရသည့် ၇ ဦးမှာ ကိုမျိုးသန့် (ဆံသဆရာ)၊ ကိုဖိုးချမ်း၊ ဦးဖုလမ်ခိုင်၊ ဦးချစ်ခိုင်၊ ဦးကျော်မြင့်၊ ဦးနောင်နောင် (ခ)ဦးဖြိုးကျော်၊ ဦးအောင်ဇေယျတို့ဖြစ်ကြောင်း သိရသည်။

ယင်းအမျိုးသား ၇ ဦး အဖမ်းဆီးခံရမှုမတိုင်မှီ မတ်လ ၁၀ ရက်နေ့ မှော်ဝမ်းရပ်ကွက်မှ ကိုဝေလုံဆိုသူသည် ဝှေခါ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရပြီးနောက် ကိုဝေလုံမှ တစ်ဆင့်ဆက်စပ် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

“ပြီးခဲ့တဲ့ ၂ ရက်လောက်က ဝေါခါမှာ ကိုဝေလုံဆိုတဲ့သူဖမ်းခံရတာ ခုဖမ်းခံလိုက်ရတဲ့သူတွေနဲ့ အသိ အဲကနေ တစ်ဆင့် ကွင်းဆက်ဖမ်းတာ ဖြစ်နိုင်တယ်”ဟုအခြားဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ဖားကန့်ကာကွယ်ရေးတပ်ဖွဲ့အား  ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးခံရသူ ၇ ဦးသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ငြင်းဆိုသည်။

အဆိုပါ ဖမ်းဆီးခံသွားရသည့် အမျိုးသား ၇ ဦးသည် စစ်ကောင်စီက PDF ထောက်ပို့ဟု စွပ်စွဲဖမ်းဆီးခြင်းသည် မှန်ကန်မှုရှိ မရှိ KNG က အတည်ပြုနေဆဲ ဖြစ်သည်။

ဖားကန့်တွင် ယခုနှစ်အတွင်း အရပ်သားများ ဖမ်းဆီးခံရမှုမိုပိုများပြားလာပြီး အများစုမှာ စစ်တပ်သတင်းပေးများကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေသည်။

ထို့အပြင် မတ်လ ၁၁ ရက်နေ့တွင်လည်း ဖားကန့် ဖားပြင်ကျေးရွာရှိ ရိုးရာယဉ်ကျေးမှုရုံးတွင် အစည်းအဝေးလုပ်ရန် ပြင်ဆင်နေသည့် KIA ၊ PDF တပ်ဖွဲ့ ၄ ဦးနှင့် အရပ်သားပြည်သူ ၅ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည့် ဖြစ်စဉ်ရှိသည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်အတွင်း ယခုနှစ် ဇန်နဝါရီလပိုင်းမှစကာ ကျောက်မျက်လုပ်ကွက်များအတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် ဖားကန့်မြို့ပေါ်ရပ်ကွက် ကျေးရွာများအတွင်း အစုလိုက်အပြုံလိုက် လိုက်လံဖမ်းဆီးမှု ပိုမိုလုပ်ဆောင်နေသည်။

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...