မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အားလုံးလက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း ဘာသာပေါင်းစုံ ခေါင်းဆောင်များ တိုက်တွန်း

မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အားလုံးလက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း ဘာသာပေါင်းစုံ ခေါင်းဆောင်များ တိုက်တွန်း
by -
မဇ္ဈိမ
 မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် လက်တွဲဆောင်ရွက်ရန်လိုအပ်ကြောင်း ဘာသာရေးခေါင်းဆောင်များက ရန်ကုန်မြို့တွင် (အောက်တိုဘာ ၁၀ ရက်နေ့) ပြုလုပ်ခဲ့သည့် “ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ “တွင် တိုက်တွန်းသွားခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ကာ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောစေဖို့ ရည်ရွယ်ပြီး “ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ “ ကို အောက်တိုဘာ ၁၀ရက် ညနေပိုင်းကပြုလုပ်ခဲ့သည်။

“ ကျွန်တော်များ အစ္စလာမ်ဘာသာဝင်များအနေနဲ့လည်း မြန်မာနိုင်ငံကြီးဖွံဖြိုးတိုးတတ်ပြီး ကမ္ဘာ့နိုင်ငံများအလယ်မှာ ခန့်ငြားထည်ဝါစွာ ရပ်တည်နိုင်ရေးနဲ့ နိုင်ငံခေါင်းဆောင်ကြီးများလည်း နိုင်ငံတကာမှာ မျက်နှာပန်းပွင့် ဂုဏ်ရှိန်မြင့်တာကို နှလုံးသည်းပွတ်ထဲကလိုလားကြောင်း သစ္စာစကားဒီနေရာကနေကျွန်တော်ဆိုပါတယ် ”ဟု အစ္စလာမ်ဘာသာရေးခေါင်းဆောင် အလာဟာဂျ် မော်ဝ်လာနာမုတ်သီအလီက ပြောသည်။

ရခိုင်အရေးကြောင့် နိုုင်ငံတကာမှ မြန်မာနိုင်ငံအားအထူးစိတ်ဝင်စားနေကြပြီး တချိန်က ဒေါ်အောင်ဆန်းစုကြည်အား ကူညီထောက်ပံ့ပေး ခဲ့သည့် ပြည်ပမိတ်ဆွေများသည် ရခိုင်ကိစ္စကြောင့် စိတ်ပျက်နေကြကာ ၀ိုင်းဝန်းလက်ညိုးထိုးအမိန့်ပေးနေကြကြောင်း ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်၊ မြန်မာနိုင်ငံကတ်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီးများအဖွဲ့ချုပ်၊ ရန်ကုန်ကတ်သလစ် ဂိုဏ်းချုပ်သာသနာ ရဟန်းအမတ် ကာဒီနယ်ချားလ်စ်မောင်ဘို က ပြောသည်။“ ဆရာကြီးလုပ်နေကြတယ် “ ၄င်းကဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် အချင်းချင်းစည်းလုံးညီညွှတ်နေကြရန်လိုအပ်ကြောင်း ရန်ကုန်ကတ်သလစ် ဂိုဏ်းချုပ်သာသနာ ရဟန်းအမတ်က ဆိုသည်။

အဆိုပါ နိုင်ငံတကာဖိအားများဖြင့် ပက်သက်၍ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ မြန်မာနိုင်ငံရဲ့အခြေအနေအရပ်ရပ်ကို ကမ္ကာကြီးကနားလည်နိုင်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ဖွံဖြိုးတိုးတတ်ရေးအတွက် ၀ိုင်းဝန်းကူညီဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ် “ နောက်ဆုံးပိတ် ဆုတောင်းမေတ္တာစကားပြောကြားခဲ့သည်။

ဘာသာပေါင်းစုံဆုတောင်းပွဲတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ မဟာယာနဗုဒ္ဓဘာသာ တို့မှ ဘာသာရေး ခေါင်းဆောင် များက သက်ဆိုင်ရာဘာသာများ၏ တရားတော်တွေနှင့်အညီ မေတ္တာစကားပြောကြားခြင်းနှင့် ဆုတောင်းခြင်းခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

“ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ “ ကို အာဏာရပါတီဖြစ်သည့် NLD မှ ပထမဆုံးအကြိမ်ကျင်းပခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာဘာသာပေါင်းစုံမှ လူပေါင်း သောင်းချီတတ်ရောက်ခဲ့ကာ ဖယောင်းတိုင်မီထွန်းညှိဆုတောင်းခြင်းများလည်းပြုလုပ်ခဲ့သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...