ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းနိုင်ငံသို့ရောက်ရှိလာ

ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းနိုင်ငံသို့ရောက်ရှိလာ
by -
မဇ္ဈိမ
 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရူနိုင်း နိုင်ငံသို့  ဒေသစံတော်ချိန် ၁၃ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၏ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုကီးယားမူအစ်ဇာဒင် ဝါဒူလာက ဘရူနိုင်းဘုရင်၏ နန်းမွေဆက်ခံသည့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဘရူနိုင်းနိုင်ငံ၏ ရှေ့နေချုပ် ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တော်ဝင်ဘရူနိုင်း ရဲတပ်ဖွဲ့ အကြီးအကဲတို့အပြင် ဘရူနိုုင်းနိုုင်ငံဆိုုင်ရာ မြန်မာသံအမတ်ကြီး ဦးချိုထွန်းအောင်နှင့် သံရုုံးဝန်ထမ်း မိသားစုုများက ကြိုဆိုခဲ့ကြသည်။

ယခုခရီးစဉ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSA အကြမ်ဖက်အဖွဲ့များ ဝင်ရောက်တိုက်ခိုက်ပြီး ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်လည်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့်ကုလသမဂ္ဂအထွေထွေညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။

NLD အစိုးရတက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပခရီးစဉ်အဖြစ် လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ပထမဆုံးသွားရောက်ခဲ့ပြီး ယခုနှစ် ဧပြီလကုန်ပိုင်းကလည်း ဥရောပနိုင်ငံများဖြစ်သည့် အီတလီ၊ ပြင်သစ်၊ အင်္ဂလန်နှင့် ဘယ်လ်ဂျီယံနိုင်ငံများသို့ သွားရောက်ခဲ့သေးသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...