နေရပ်စွန့်ခွာတိမ်းရှောင် နေသည့် မောင်တောခရိုင်ဒေသခံများကို မူလနေရပ်သို့ပြန်ပို့

နေရပ်စွန့်ခွာတိမ်းရှောင် နေသည့် မောင်တောခရိုင်ဒေသခံများကို မူလနေရပ်သို့ပြန်ပို့
by -
စိုးသူအောင်
အကြမ်းဖက်အာဆာအဖွဲ့ (ARSA) ၏တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင် နေသည့် မောင်တောခရိုင်ဒေသခံများကို မူလနေရပ်သို့ပြန်ပို့ပေးလျှက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၊ အောင်ဗလကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူ ၂၇ ဦး၊ ကံသာယာ ကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူ ၂၇ ဦး၊ ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ကျေးရွာမှ ဒေသခံ တိုင်းရင်းသားပြည်သူ ၃၄ ဦးနှင့် ပြင်ရှည်ကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူ ၃၉ ဦး စုစုပေါင်း ၁၂၇ ဦးတို့ကို လုံခြံုရေးပါသည့် တပ်မတော်မော်တော်ယာဉ် ခြောက်စီးဖြင့် မူလနေရပ်သို့ပို့ဆောင်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

နေရပ်စွန့်ခွာတိမ်း ရှောင်နေရသည့် ဒေသခံတိုင်းရင်းသားပြည်သူများအနက် ကျောက် တော်မြို့နယ်၊ ရွှေပြည်ကျေးရွာ၊ အုန်းပတီးကျေးရွာ၊ စပါးဆိပ်(သရီ)ကျေးရွာ၊ အလယ်ကျွန်းကျေးရွာတို့တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံအများစုသည်လည်း မူလနေရပ်သို့ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း ယနေ့ (အောက်တိုဘာ ၈ ရက်) နံနက်ပိုင်းက တပ်မတော်မှ သတင်းထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့်လည်း ဒေသခံများကို မိမိနေရပ်တွင်သာနေထိုင်ကြရန်တိုက်တွန်းထားပြီး နေရပ်ပြန်လိုသည့် ဒေသခံများကို လည်းလုံခြံုရေးပေးကာ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်မှဆိုသည်။

ရခိုင်ပြည်နယ် အနောက်ဘက်ပိုင်း မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ဖြစ်ပွား ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ဘူးသီးတောင်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၃၄ ရွာမှ ဒေ သခံ တိုင်းရင်းသား ပြည်သူ ၂,၃၂၆ ဦးနှင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၃ ရွာမှ ဒေသခံတိုင်း ရင်းသား ပြည်သူ ၉,၄ဝ၂ ဦး စုစုပေါင်း ၁၁,၇၂၈ ဦးတို့ တိမ်းရှောင်နေရကြောင်းသိရသည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...