ဝ နှင့် မိုင်းလားအဖွဲ့တို့နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံဆွေးနွေးမည်

ဝ နှင့် မိုင်းလားအဖွဲ့တို့နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံဆွေးနွေးမည်
by -
မဇ္ဈိမ
ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC)သည် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)နှင့် အမျုုိးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ခေါ် မိုင်းလား (NDAA) တို့ အောက်တိုဘာလ ၁၀ ရက်နေ့ နောက်ပိုင်း သီတင်းကျွတ်အပြီးတွင် ၄င်းတို့ဒေသများတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

“ဘယ်နေ့သွားမယ်။ ဘယ်သူတွေပါမယ်။ မသိသေးပါဘူး။ လူကြီးတွေ ညှိနှိုင်းနေတုန်းပါပဲ။ သီးတင်းကျွတ်အပြီးလောက်တော့ သိရမယ်”ဟု PC အဖွဲ့ဝင် ဦးအောင်စိုးက မဇ္စျိမကို ပြောသည်။

ဝ ဒေသပန်ဆန်းနှင့် မိုင်းလားမြို့တို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး PC အဖွဲ့ဝင် ဦးအောင်စိုးနှင့် ဦးခင်ဇော်ဦး၊ ဦးသိန်းဇော်တို့ သွားရောက် နိုင်ဖွယ်ရှိပြီး အဓိကအားဖြင့်   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆွေးနွေးနိုင်မည်ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

သို့သော် ဝ အဖွဲ့ ဦးဆောင်သော မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကိုမူ တရားဝင် တပေါင်းတည်း တွေ့ဆုံ ဆွေးနွေးမည့် အစီအစသ် မရှိကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့က ဦးအောင်စိုးက ပြောဆိုထားသည်။

“ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျန်တဲ့အဖွဲ့တွေနဲ့လည်း တွေ့ဆုံနိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေပါတယ်။ ကျနော်တို့ မြောက်ပိုင်း အဖွဲ့တွေနဲ့ တွေ့ဖို့ စီစဉ်ဆောက်ရွက်နေပါတယ်။ တစ်ဖွဲ့ချင်း တွေ့ဖို့လည်း အမြဲတမ်းကြိုးစားနေပါတယ်။ တစ်ဖွဲ့ချင်းလည်း တွေ့မှာပါ။ မြောက်ပိုင်း ရ ဖွဲ့ဆိုတာကိုတော့ လက်ရှိ ကျွန်တော်တို့ အစိုးရက ရ ဖွဲ့မှာ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ ရှိတဲ့အတွက် ဒီအဖွဲ့တွေကို တွေ့သွားမှာပါ။ ရ ဖွဲ့ သီးသန့်တော့ တပေါင်းတည်း တွေ့ဖို့ အစီအစဉ် မရှိဘူး”ဟု ဦးအောင်စိုးက ပြောဆိုခဲ့သည်။

ဝအဖွဲ့မှ ဥက္ကဋ္ဌ တာဝန်ယူထားသော FPNCC တွင် ဝ ၊ မိုင်းလား အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ၊တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) ၊ ရခိုင် AA ၊ ကိုးကန့်တပ်ဖွဲ့ (MNDAA ) တို့ ပါဝင်သည်။

PC အနေဖြင့် မြန်မာ့ငြိမ်းချမး်ရေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တိုင်းရင်းသား လက််နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့လုံး လက်မှတ်ရေးထိုးနိုင်ရန် ကြိးပမ်းသွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ဝ နှင့် မိုင်းလားအဖွဲ့များသည် ယခင် စစ်အစိုးရ လက်ထက်က အပစ်အခတ် ရပ်စဲခဲ့ရာမှ ယခုထိ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခြင်း မရှိသော အဖွဲ့များ ဖြစ်သည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...