မောင်တောမြောက်ပိုင်းကျေးရွာများမှ ဒေသခံတိုင်းရင်းသားများ နေရပ်ပြန်၍ ရနိုင်ပြီ

မောင်တောမြောက်ပိုင်းကျေးရွာများမှ ဒေသခံတိုင်းရင်းသားများ နေရပ်ပြန်၍ ရနိုင်ပြီ
by -
ရဲနိုင်
အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မြောက်ပိုင်းရှိကျေးရွာများမှ လာရောက်တိမ်းရှောင်နေသော ဒေသခံတိုင်းရင်းသားများ အနေဖြင့် နေရပ်ပြန်၍ ရနိုင်သည့် အခြေအနေရှိနေကြောင်း ဒေသခံ တိုင်းရင်းသားများကို ကူညီပေးနေသည့် စစ်တွေမြို့နယ်မှ ဒေသခံစာရေးဆရာ ဝေဟင်အောင်က ပြောသည်။

“ ဒီဘက်တွေမှာ မီးရှို့တာတို့၊ မိုင်းခွဲတာတို့ မဖြစ်တာ ဒီနေ့ဆိုရင် ရက်ပေါင်း ၁ဝ၊ ၂ဝ ရက်လောက်ရှိပြီ။ လမ်း တွေက လမ်းတစ်စုံတစ်ရာ သွားလာလို့ရနေပြီ။ အခင်းဖြစ်တာတို့လည်း မတွေ့ရတော့ဘူး။ ဒါကြောင့်ဒီဘက်က နေ သွားရောက်ခိုလှုံတဲ့ ဒေသခံတွေအနေနဲ့ ရွာရှိတဲ့သူ၊ နေအိမ်ရှိတဲ့သူတွေကတော့ ပြန်ဖို့ဆိုရင် ပြန်လို့ရပြီ။ ပြီးတော့ အစိုးရဘက်က လုံခြံုရေးတစ်စုံတရာ တိုးချပေးထားတာကိုလည်း ကျွန်တော်တို့ တွေ့ရတယ်” ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့ကလည်း မောင်တောမြို့အလိုတော်ပြည့်ဆရာတော်အစီအစဉ်ဖြင့် ဝေဠုကျော် ဖောင်ဒေးရှင်းနှင့် စာရေးဆရာ ဝေဟင်အောင်တို့ပူးပေါင်းအဖွဲ့မှ နေရပ်ပြန်လိုသည့် အိမ်ထောင်စု ၁၁ စုအား မောင်တောခရိုင်မြောက်ပိုင်း သရက်အုပ်ကျေးရွာနှင့် ရွက်ညှိုတောင်ကျေးရွာများသို့ ပြန်လည်ကူညီပို့ဆောင် ပေးခဲ့ကြောင်း သိသည်။

“မောင်တောတစ်မြို့နယ်လုံးမှာ ကျွန်တော်တို့မရောက်ခဲ့တဲ့နေရာက မရှိသလောက်ပဲဗျ။ နေရာတော် တော်များ များကို ရောက်ခဲ့ပြီးပြီ။ အဲ့ဒီအခြေအနေအရပ်ရပ်ကို ကျွန်တော်တို့ သုံးသပ်ချက်အရ ရွာရှိတဲ့ သူတွေနဲ့ အိမ်ရှိတဲ့ သူတွေက မိမိဒေသကို ပြန်တာကောင်းတယ်။ အခုဆိုရင် စပါးတွေကလည်း မှည့်လာပြီဗျာ။ ရွာတွေမှာ လူတွေ မရှိဘူးဆိုရင် နွားတွေ၊ ပစ္စည်းတွေပျောက်တယ်ဗျာ။ လူရှိရင်တော့တစ်စုံ တစ်ရာ ထိန်းသိမ်း ထားနိုင် တယ်။ ရွာတွေကိုလည်း တစ်စုံတစ်ရာ အကာအကွယ်လုပ်နိုင်တာပေါ့”ဟု စာရေးဆရာ ဝေဟင်အောင်က ဆိုသည်။

စာရေးဆရာ ဝေဟင်အောင်က မောင်တောရှိ ပိတ်မိနေသော ဒုက္ခသည်များနှင့် ဒုက္ခသည်စခန်းများတွင် ရှိနေ သူများအတွက် ကိုယ်တိုင်အလှူငွေများ ကောက်ခံပေးနေသည့်အပြင် ဝေဠုကျော်ဖောင်ဒေးရှင်းနှင့်အတူ သြဂုတ်လ ၃ဝ ရက်နေ့မှ မောင်တောဒေသသို့ ရောက်ရှိပြီး ယခုလက်ရှိချိန်ထိ ဒေသခံတိုင်းရင်းသားများကို ကူညီ ထောက်ပ့ံလှူဒါန်းပေးနေခြင်းဖြစ်သည်။

လက်ရှိတွင် စာရေးဆရာ ဝေဟင်အောင်မှတစ်ဆင့် မောင်တောဒေသခံတိုင်းရင်းသားများထံလှူဒါန်းငွေ ကျပ် သိန်းပေါင်း ၂၄ဝဝ ခန့်ရရှိပြီဖြစ်ကြောင်း သိရသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...