စစ်တွေ ပွိုင့်ကမ်းခြေမှာ လူသေအလောင်းတစ်ခု တွေ့ရှိ

စစ်တွေ ပွိုင့်ကမ်းခြေမှာ လူသေအလောင်းတစ်ခု တွေ့ရှိ
စက်တင်ဘာလ ၂၉ ရက်နေ့ ညနေခင်းက စစ်တွေမြို့ ပွိုင့်ကမ်းခြေတွင် အမျိုးသား လူသေအလောင်းတစ်ခုအား တွေ့ရှိခဲ့သည်။ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေပြီး လက်ရှိတွင် သေမှုသေခင်းဖြင့် စစ်တွေမြို့မ ရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။ သေဆုံးသူမှာ ပေါက်တောမြို့နယ် စိုင်းတုတ်ကျေးရွာနေ ဦးအောင်စောချေ ဖြစ်ပြီး ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူ ဖြစ်ကြောင်း စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းက အတည်ပြု ပြောကြားသည်။ “ လူသေအလောင်း တစ်လောင်းတွေ့တယ်ဆိုလို့ သွားပြီးစစ်ဆေးတာ။ မျက်နှာတွေက ပွပြီးတော့ အရုပ်တွေတောင် ပွနေပြီ။ သေတဲ့သူက ပေါက်တောနယ်ကပါ။ ဒီကို ငါးရောင်းဖို့အတွက် သူ့လူတွေနဲ့ လာတာမှာ လမ်းမှာစက်လှေပေါ်က ပြုတ်ကျပြီးသေတာ။ အလောင်းကိုတော့ ၂၉ ရက်နေ့မှ တွေ့တာပါ။ ရိုးရိုးသေတာလားဆိုတာကို အမှုဖွင့် စစ်ဆေးနေပါတယ်။”ဟု စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းမှ ဖုန်းလက်ခံဖြေဆိုသော အရာရှိက စက်တင်ဘာ ၃၀ ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် RiA သို့ ပြောသည်။ အဆိုပါ အရာရှိ၏ အမည်ကို မေးမြန်း၍ မရသလို တာဝန်ကျ အရာရှိဟုသာ သတင်းတွင် ထည့်ရေးဖို့လည်း ၎င်းက ပြောသည်။ သေဆုံးသူမှာ စက်တင်ဘာလ ၂၈ ရက်နေ့က စစ်တွေမြို့၊ မြို့လယ်ချောင်းတွင် စက်လှေပေါ်မှ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်းလည်း အဆိုပါ အရာရှိက ပြောသည်။
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...