နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား

နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား

နာဂဒေသ လဟယ်မြို့နယ်၊ ဆော်လော်နောက်ကုန်းကျေးရွာရှိ အိမ်ခြေ ၇၀ ခန့် မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသနှင့် အဆက်အသွယ်ရှိသူများထံမှ သိရသည်။

ယမန်နေ့ ညနေပိုင်း ၅ နာရီအချိန်ခန့် ရွာထဲ ကလေးများသာကျန်ရှိနေပြီး လူကြီးများ အလုပ်သွားနေချိန်အတွင်း တစ်ရွာလုံးနီးပါး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးကဘယ်လို စလောင်လာတယ် မသိရသေးဘူး။ မနေ့ညအထိတော့ အဆက်အသွယ်ရသေးတာ ဒီမနက်မရတော့ဘူး။ ဒါတောင် အိုင်ကွန်နဲ့ပဲ ဆက်သွယ်တာ။ ၇၀ ဝန်းကျင်လောက်လောက်မီးလောင်သွားတယ်ပဲသိရသေးတာ။ အသေးစိတ် လူတွေ ဘာတွေ ထိခိုက်မှု ရှိလား မရှိလား မသိရသေးဘူး” ဟု နာဂတောင်တန်းဒေသခံတစ်ဦး KNG ကိုပြောသည်။

၎င်းဒေသတွင် ဖုန်းလိုင်း အင်တာနက်လိုင်းမရှိသောကြောင့် အခြေအနေကိုသိရဖို့ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။

ယခုမီးလောင်မှုဖြစ်ပွားသည့် ဆော်လော်နောက်ကုန်းရွာသည် လဟယ်မြို့မှ ဆိုင်ကယ်ဖြင့် ၁ ရက်ခရီးသွားရသော ရွာဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေးလည်း ကြမ်းတမ်းသကဲ့သို့ ဆင်းရဲသည့်တောင်ပေါ်ရွာတစ်ရွာ ဖြစ်သည်ဟုဆိုသည်။

“အဲ့ဒီရွာက ဆိုင်ကယ်နဲ့ မနက်အစောကြီးမိုးမလင်းခင်သွားမှ ညမိုးချူပ်ရောက်တာ။ ပြီးရင် သူတို့တွေ တရွာလုံးက သွပ်မိုးတောင် မမိုးနိုင်ကြဘူး။ အားလုံး သက်ကယ်လေးတွေနဲ့ ပဲ အခုက တရွာလုံးနီးပါး မီလောင်သွားတော့ သူတို့အတွက် တော်တော်ခက်ခဲမှာ” ဟု၎င်းကပြောသည်။

မြန်မာ–အိန္ဒိယ နယ်စပ်ရှိ ၎င်းကျေးရွာတွင် အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်ရှိသည့်အနက် ၇၀ ခန့်မီးလောင်ဆုံးရှုံးသွားခြင်းဖြစ်ပြီး ဒေသခံ ရွာသားများ ရွှေ့ပြောင်းတောင်ယာကိုသာ အဓိကလုပ်ကိုင်ကြ ကြောင်းသိရသည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...