ကရင်နီပြည်က မြို့နယ်လေးခုကို စစ်ကောင်စီ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာ

ကရင်နီပြည်က မြို့နယ်လေးခုကို စစ်ကောင်စီ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာ

ကရင်နီပြည်က ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနဲ့ ရှားတော မြို့နယ်လေးခုကို ဒီကနေ့ ဖေဖော်ဝါရီလ ( ၂ ) ရက်နေ့မှာ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာလိုက်တယ်လို့ စစ်ကောင်စီဖက်က သတင်းထုတ်ပြန်လာပါတယ်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( လွိုင်ကော် ) ဒေသကွပ်ကဲရေးမှူးအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)နယ်မြေဖြစ်တဲ့ ပြည်နယ်တွင်းရှိ အဲဒီလေးမြို့နယ်ရဲ့ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉အရ အပ်နှင်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။

အချိန်နဲ့ တပြေးညီပြောင်းလဲဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မူတည်ပြီး ဒေသကွပ်ကဲရေးမှူးကိုယ်တိုင် ( သို့မဟုတ် ) စစ်နယ်မြေမှူးတွေကို တာဝန်အပ်နှင်းပြီး စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်ကြောင်း ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်ကောင်စီ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ ကရင်နီပြည်က မြို့နယ်လေးမြို့နယ်ဟာ လက်ရှိ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေပဲဖြစ်ပါတယ်။ ၂၀၂၃နှစ်သစ်ကစ ကရင်နီပြည်ကို စစ်ကောင်စီက လေကြောင်း၊မြေပြင် စစ်ဆင်ရေး တိုးချဲ့လုပ်ဆောင်လျက်ရှိနေပါတယ်။

စစ်ကောင်စီက ကရင်နီပြည်က ( ၄ ) မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းက ( ၁၁ ) မြို့နယ်၊ ချင်းပြည်နယ်က ( ၈ ) မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးက ( ၅ ) မြို့နယ်၊ မကွေးတိုင်းဒေသကြီးက ( ၅ ) မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ မြို့နယ်တွေမှာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ အစိုးရကို အကြည်အညိုပျက်အောင်ပြုလုပ်မှု၊ တပ်မတော်( သို့မဟုတ် ) တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက်ပြားစေခြင်း စတဲ့ ပြစ်မှုတွေကို စစ်ခုံရုံးကနေ စစ်ဆေးမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...